DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးနောက်ကွယ်မှ နိုင်ငံလုံခြုံရေးထိခိုက်လာသည့်အပေါ် သတိထားရန် တပ်မတော်ထုတ်ပြန်
DVB
·
October 24, 2017
လူ့အခွင့်အရေးနောက်ကွယ်မှ နိုင်ငံလုံခြုံရေးထိခိုက်လာသည့်အပေါ် သတိထားရန် တပ်မတော်ထုတ်ပြန်
Donate to DVB

 

ရခိုင်ပြည်နယ်အရေးကိစ္စမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုတွေကို အကြောင်းပြုပြီး နောက်ကွယ်မှ ရည်ရွယ်ချက်ရှိရှိ ပြုမူလုပ်ဆောင်လာတာတွေဟာ နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာတဲ့အပေါ် အထူးသတိထား စောင့်ကြည့်ကာကွယ်သွားဖို့ တပ်မတော်က သဘောထားထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသအတွင်းဖြစ်ပွားခဲ့တဲ့ အစွန်းရောက် ဘင်္ဂါလီတွေရဲ့  အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အပေါ်  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ဒီကနေ့  ထုတ်ပြန်လိုက်တာပါ။

အဆိုပါအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ လွန်စွာရှုပ်ထွေးတဲ့ အခြေအနေတွေ သမိုင်းနောက်ခံအကြောင်းအရာ အချက်အလက်တွေ များစွာရှိတာကို ဦးစွာလေ့လာသိရှိဖို့  လိုအပ်တယ်လို့လည်း တပ်မတော်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သြဂုတ် ၂၅ ရက်ကစတင်ပြီး သမ္မတရုံးက စစ်ဆင်ရေး နယ်မြေသတ်မှတ်ဆောင်ရွက်ခွင့်ပြုခဲ့တဲ့အကြောင်းနဲ့ စက်တင်ဘာ ၄ ရက်မှာ ကာကွယ်ရေးဦးစီးချုပ်က သမ္မတနဲ့ သီးခြားတွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးကိစ္စ လမ်းညွှန်မှုခံယူခဲ့ရာ သမ္မတက လုံလောက်သောတပ်အင်အား တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ နယ်စပ်ဒေသ ခြံစည်းရိုး ခိုင်ခံ့လုံခြုံအောင် ကာရံဖို့ လမ်းညွှန်မှာကြားခဲ့တာလို့လည်းဆိုပါတယ်။

တပ်မတော်အနေနဲ့ လိုက်နာရမယ့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားကြပ်မတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ဥပဒေဘောင်အတွင်းကသာ လိုက်နာဆောင်ရွက်ခဲ့ကြသလို ပေးအပ်တဲ့တာဝန်တွေကို ဥပဒေနဲ့ အညီ ဆောင်ရွက်ခြင်းရှိ/မရှိ ဒုဗိုလ်ချုပ်ကြီး အေးဝင်းဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

၂၀၁၇ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်နေ့အထိ ARSA အဖွဲ့နဲ့ ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ် ၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံဝန်ထမ်း ၂သေဆုံးပြီး  အကြမ်းဖက်သူ ၃၇၁ ဦး အသေရရှိကာ ၃၈ ဦးဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုကြောင့် ဒေသခံတိုင်းရင်းသား ၁၄ ဦး၊ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီ ၇ ဦး၊ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီ ၇ ဦးစုစုပေါင်း ၂၈ ဦးအသက်ဆုံးရှုံးခဲ့ရပြီး ဟိန္ဒူဘာသာဝင် ၉၀ ကျော်အား အကြမ်းဖက်သမားတွေက အဓမ္မဖမ်းဆီးခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ရာမှာ ဟိန္ဒူဘာသာဝင်ရုပ်အလောင်း ၄၅ လောင်းအား တူးဖော်ရရှိခဲ့တယ်လို့ဆိုပါတယ်။

စိစစ်ဖော်ထုတ်ချက်အရ အကြမ်းဖက်တိုက်ခိုက်မှုကို ပါဝင်ဆောင်ရွက်ခဲ့ကြသူ ၂၂၂၂ ဦးရဲ့ နာမည်နဲ့ ရွာအမည်စာရင်းရရှိခဲ့ပြီး ၎င်းတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင် သွားတယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013