DVB Logo
Home
မြန်မာသတင်း
ဓားကိုင်ပြေးဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးကို အသေပစ်ခတ်ဖမ်းဆီး
DVB
·
October 24, 2017
ဓားကိုင်ပြေးဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးကို အသေပစ်ခတ်ဖမ်းဆီး
Donate to DVB

 

မောင်တောမြို့နယ် ကွမ်းသီးပင်ချောင်းဝရဲကင်းစခန်းထဲကို အောက်တိုဘာ၂၀ ရက် မနက်က  အမျိုးသား ၁ ဦးက  ဓားကောက်ကိုင်ဆောင်ပြေးဝင်လာလို့  တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၁ ဦး က လက်နက်ချရန် အော်ဟစ်သတိပေးခဲ့ပေမယ့် ရပ်တန့်ခြင်း မရှိလို့  ပစ်ခတ်ဖမ်းဆီး ခဲ့ရတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

ပစ်ခတ်ဖမ်းဆီးခဲ့မှုကြောင့် အဆိုပါအမျိုးသားမှာ ယာရင်ညွန့်အောက် ဖောက်ဝင်ဒဏ်ရာ(၁) ချက်နဲ့ စခန်းနဲ့ (၅)ကိုက်ခန့်အကွာမှာ လဲကျသေဆုံးသွားခဲ့ပြီး သေဆုံးသူအား စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား မိုဟာမတ် ရှာဟက်အာ့သာ(၅၆)နှစ် ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

၎င်းထံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကတ်အမှတ် (ID)‎ 2690421588992 နဲ့ ဓားကောက် (၁)ချောင်းတို့အား သိမ်းဆည်း ရမိခဲ့ပြီး တောင်ပြို-ယာနယ်မြေစခန်းမှာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013