
ရခိုင်ပြည်နယ် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးဖို့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ကုန်သည်စက်မှုအသင်းချုပ်တို့ပူးပေါင်းပြီး ကျပ်ငွေဘီလီယံ ၅ဝ ကို အသုံးပြုပြီး ၂ဝ၁၇ ခု မိုးစပါးရိတ်သိမ်းချိန်မှာ စတင်ဆောင်ရွက်သွားဖို့ရှိနေပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ ပြည်နယ်မြောက်ပိုင်းဒေသကို အဓိကထားလုပ်ကိုင်သွားမှာဖြစ်ပြီး ထွန်ယက်မြေပြင်မှအစ ကြိတ်ခွဲသိုလှောင်ပြီး ဈေးကွက်ရောက်တဲ့အထိ ထောက်ပံ့ရေးလုပ်ငန်းစဉ် တခုလုံးကို ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။
ဒီအစီစဉ်ကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ဆောင်ရွက်မယ့် ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီထောက်ပံ့ပေးရေးနဲ့ ပြန်လည်နေရာချထား ပေးရေး ဖွံ့ဖြိုးရေးစီမံကိန်းအရ ဆောင်ရွက်တာလည်းဖြစ်ပါတယ်။
ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မောင်တောဒေသမှာ လယ်ယာ၊ သားငါးကန် အခြေအနေ ဆန်းစစ်လေ့လာမှုတခုကို တနှစ်လောက် ဆောင်ရွက်ပြီးနောက် ရခိုင်ပြည်နယ် အခြေပြု လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီကို တည်ထောင်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။











