DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်
DVB
·
October 24, 2017
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်
1 / 6
Donate to DVB

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အမွေအနှစ်အထိမ်းအမှတ်အဖြစ် အပြာရောင်ကမ္ဗည်းပြား ကို ဒီနေ့ တပ်ဆင်ခဲ့ပါတယ်။

ဒါဟာ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ ၁၉ ခု မြောက် ကမ္ဗည်းပြားလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ ပထမဦးဆုံးပြည်သူ့ဆေးရုံကြီးဟာ လက်ရှိအဆောက်အအုံမဟုတ်ဘဲ လမ်းတဖက်က  Junction City နေရာဖြစ်ပြီး ၁၈၉၀ ပြည့်နှစ်တွေမှာ သစ်သီးပန်းမန်ဥယျာဉ်နဲ့  ဖယ်ယာ ပြတိုက် တည်ရှိတဲ့ လက်ရှိနေရာကို ပြောင်းရွှေ့ခဲ့တာပါ။

အဲဒီတုန်းက ပြည်သူ့ဆောက်လုပ်ရေးဌာန၊ အမှုဆောင်အင်ဂျင်နီယာ ဟင်နရီ ဟွိုင်းဖောက်စ်က ရေးဆွဲခဲ့တဲ့ ဒီဇိုင်းနဲ့ ပင်မဆောင်ကို ၁၉၀၄ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၀၉ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။

ဆေးရုံကြီးမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဓာတ်ခွဲခန်းပါရှိသလို ကုတင် ၃၄၂ လုံးဆံ့ပြီး ရူပီး သိန်းလေးဆယ် ကုန်ကျခဲ့ပါတယ်။ဂျပန်ခေတ်မှာတော့ ဆေးရုံကြီး အဆောက်အအုံတွေကို ဂျပန်စစ်တပ်က သိမ်းယူပြီး ဂျပန်တွေအတွက်ပဲ သီးသန့် အသုံးပြုခဲ့ပါတယ်။ ပြည်သူတွေအတွက်ကတော့  အလံပြဘုရားလမ်းက ဒိုင်အိုစီဇင်မိန်းကလေးကျောင်းမှာ ယာယီ ဖွင့်လှစ်ခဲ့ပါတယ်။စစ်အပြီးမှာဆေးရုံကြီးကို ကုတင် ၅၀၀ ကျော်အထိ အဆင့်မြှင့်တင်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ ခုတင် ၁၅၀၀ ဆံ့ဆေးရုံကြီးဖြစ်လာခဲ့ပါတယ်။

အပြာရောင်ကမ္ဗည်းပြား တပ်ဆင်တာဟာ ရန်ကုန်မြို့ပြသမိုင်းကြောင်းမှာ အရေးပါခဲ့တဲ့ အဆောက် အအုံတွေနဲ့ လူပုဂ္ဂိုလ်တွေကို အထိမ်းအမှတ်ပြုပြီး ရန်ကုန်မြို့ရဲ့ သမိုင်းကြောင်းကို အသက် အရွယ်မရွေး နယ်ပယ်စုံက ပြည်သူတွေနဲ့ ခရီးသွားတွေ လေ့လာနိုင်ဖို့ ဖြစ်တယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆိုပါတယ်။

ပထမဆုံးအကြိမ်အဖြစ် အပြာရောင်ကမ္ဗည်းပြားကို ရန်ကုန်မြို့တော်ခန်းမမှာ တပ်ဆင်ခဲ့ပြီး တရားရုံးမှာ တော့ အခု ၂၀ မြောက် အပြာရောင် ကမ္ဗည်းပြားကို တပ်ဆင်သွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ မြို့ပြအမွေအနှစ် အဆောက်အအုံပေါင်း ၁၀၀ ကျော်ရှိနေပါတယ်။

ဓာတ်ပုံ - သူဇာလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013