DVB Logo
Home
မြန်မာသတင်း
မူးမြို့နယ်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး
DVB
·
July 17, 2026
Photo: KNU
Photo: KNU
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ဈေးဆိုင် ၂ ဆိုင် ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၃ ရက်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဟီအူး၊ ရှဲဒေးနဲ့ မီးရထားကျေးရွာတွေကို စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ ထက်မနည်း ကြဲချခဲ့တာမှာ ဗုံးဒဏ်ကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပြီး ဈေးဆိုင် ၂ ဆိုင် ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စစ်တပ်က အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ နေ့စဉ် စိုးရိမ်ကြောက်ရွံ့စွာ နေထိုင်နေရပြီး လူသားချင်းစာနာမှု အကျပ်အတည်းတွေလည်း ပိုဆိုးလာနေတယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာလည်း ဇူလိုင် ၁၆ ရက်က ဖလူးကြီးရွာနဲ့ မင်းလက်ပံရွာဘက်ကို စစ်ကြောင်းချီလာတဲ့ စစ်အာဏာရှင်တပ်က ဖလူးကြီးရွာအနောက်ဘက် ရဲကုန်းမှတဆင့် အနောက်ဘက်ကို ပတ်လာစဉ် လေးဒေးစခန်းအနီးမှာ KNLA ပူးပေါင်းတပ်ဘက်က ပစ်ခတ်ခဲ့တာမှာ စစ်အာဏာရှင်တပ်က အရာရှိစစ်သည်တချို့ သေဆုံးသွားပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် စစ်မှုထမ်း ၄ ယောက်ကို လက်နက်ခဲယမ်းတွေအတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်ရရှိဖို့အတွက် စစ်အာဏာရှင်တပ်က လူအင်အား၊ လက်နက်ကြီး၊ လက်နက်ငယ်၊ တိုက်လေယာဉ်တွေကိုပါ အသုံးပြုပြီး အပြင်းအထန် စစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မြန်မာဘက်က တိုက်ပွဲပြင်းထန်လာကြောင့် တဖက် ထိုင်းနိုင်ငံနယ်စပ်မှာလည်း ထိုင်းစစ်တပ်က လုံခြုံရေး တိုးမြှင့်ထားသလို နယ်စပ်နဲ့ကပ်နေတဲ့ စာသင်ကျောင်းတွေက ကျောင်းသားတွေအတွက်  ထိုင်းစစ်တပ်က ဗုံးခိုကျင်း ပြုလုပ်ပေးထားရပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဲ့ကုကင်းရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက်မှာ ရွှေ့ပြောင်း စာသင်နေရတဲ့ ကလေးငယ် ကျောင်းသားတွေအတွက် ထိုင်းစစ်တပ်၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ ဌာနဆိုင်ရာတွေနဲ့ ရွာသားတွေ ပူးပေါင်းပြီး ကျောင်းသားတွေ အသက်ဘေးလုံခြုံမှု ရရှိစေရေးအတွက် ဗုံးခိုကျင်းတွေ ပြုလုပ်ပေးထားပါတယ်။

ဒါ့အပြင် အားကစားပစ္စည်းတွေနဲ့ ကျောင်းသားတွေအတွက် နေ့လယ်စာ အာဟာရ ကျွေးမွေးမှုတွေ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာဘက်မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်တွေက မဲ့ကုကင်းရွာဘက်ကို ကျရောက်ပြီး အိမ်၊ အဆောက်အအုံနဲ့ အိမ်စီးကားတွေ ထိမှန်ခဲ့တဲ့အတွက် စာသင်ကျောင်းက ကလေးတွေ ဘေးကင်းစွာ စာသင်ကြားနိုင်ဖို့ ဘုန်းတော်ကြီးကျောင်းတိုက် အစည်းအဝေးခန်းမမှာ ရွှေ့ပြောင်းစာသင်နေရတာ ဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးငယ်တွေ စာသင်နေတဲ့ မြန်မာစာသင်ကျောင်းကတော့ တိုက်ပွဲပြင်းထန်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျောင်းကို ဇူလိုင် ၁၆ ရက်အထိ ယာယီပိတ်ထားရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013