DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးနှင့် နိုင်ငံသားပြန်လည်စိစစ်လက်ခံရေး ဆွေးနွေး
DVB
·
October 24, 2017
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးနှင့် နိုင်ငံသားပြန်လည်စိစစ်လက်ခံရေး ဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ၀န်ကြီးအဆင့် အစည်းအဝေး ဒီကနေ့ နေပြည်တော်မှာ ကျင်းပပါတယ်။

နှစ်နိုင်ငံက ပြည်ထဲရေးဝန်ကြီးဌာန၊ ၀န်ကြီးအဆင့်အစည်းအဝေးနဲ့ အဆင့်မြင့် အရာရှိတွေရဲ့ အစည်းအဝေးတွေမှာ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနဲ့ လုံခြုံရေး ပူပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် နယ်စပ်ဆက်ဆံရေးရုံးတွေ ထူထောင် ဖွင့်လှစ်ခြင်း၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ လူဝင်/လူထွက် မှုတွေ စီစစ်ခြင်း၊ နိုင်ငံသားစီစစ်လက်ခံမှုတွေ၊ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးတို့တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို  နိုင်ငံသားစိစစ်မှုတွေ ပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်တကျ ပြန်လည်လက်ခံနိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်းခန်း ခေါင်းဆောင်တဲ့  ၁၂ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို မနေ့ကတည်းက သွားရောက်နေတာဖြစ်ပြီး ခရီးစဉ်မှာ ပြည်ထဲရေးအတွင်းဝန် ၂ ဦး၊ ရဲစုံစစ်ဆေးရေး အရာရှိချုပ်၊ ကမ်းရိုးတမ်းအစောင့်တပ်ဖွဲ့ ညွန်ကြားရေးမှူးချုပ်၊ မူးယစ်ဆေးဝါးထိမ်းချုပ်မှုဌာန ညွန်ချုပ်ပါအ၀င် အဆင့်မြင့် အရာရှိကြီးတွေ လိုက်ပါသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာဖော်ပြပါတယ်။

သြဂုတ် ၂၅ ရက်နောက်ပိုင်း မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံလာသူ ၅သိန်းလောက်ကို နေရပ်ပြန်ပို့ရေးကိစ္စ ဆွေးနွေးဖို့ရှိသလို  နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ သဘောတူညီချက် ၂ခု လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့လည်း ပြည်ထဲရေးဌာန ပြည်သူ့ဆက်ဆံရေး အရာရှိကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013