DVB Logo
Home
မြန်မာသတင်း
ထိုင်းဘုရင် ဈာပန မြန်မာသမ္မတ ဦးထင်ကျော်တက်ရောက်မည်
DVB
·
October 24, 2017
ထိုင်းဘုရင် ဈာပန မြန်မာသမ္မတ ဦးထင်ကျော်တက်ရောက်မည်
Donate to DVB

 

နတ်ရွာစံသွားပြီဖြစ်တဲ့ ထိုင်းဘုရင်ကြီး ဘူမိဘော အဒူရာဒက်ဂ်ျရဲ့ တော်ဝင်ဈာပန အခမ်းအနားကို မြန်မာသမ္မတ တက်ရောက်မယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာသမ္မတနဲ့ ဇနီးဒေါ်စုစုလွင်တို့ဟာ တော်ဝင်ဈာပန အခမ်းအနားကို တက်ရောက်ဖို့ ထိုင်းနိုင်ငံသို့ မကြာမီကာလအတွင်း သွားရောက်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နတ်ရွာစံ ထိုင်းဘုရင်ကြီးရဲ့ရုပ်အလောင်းကို မီးသင်္ဂြိုလ်မယ့် ဈာပနအခမ်းအနားကို အောက်တိုဘာလ ၂၆ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဘုရင့်နန်းတော်ရှေ့ ရင်ပြင်မှာ ကျင်းပမှာဖြစ်ပြီး ဈာပနပွဲကို နိုင်ငံတကာက ဖိတ်ကြားထားသူတွေပါအ၀င် လူ ၂ သိန်းခွဲ တက်ရောက်မယ်လို့ ခန့်မှန်း ထားပါတယ်။

ခမ်းခမ်းနားနားကျင်းပမယ့် ဘုရင့်ဈာပနပွဲအတွက် အမေရိကန်ဒေါ်လာ သန်း ၉၀ နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ ၃ဘီလျံလောက် သုံးစွဲဖို့ ထိုင်းအစိုးရကသတ်မှတ်ထားပါတယ်။

ထိုင်းနိုင်ငံကိုအနှစ် ၇၀ အုပ်စိုးခဲ့တဲ့ ထိုင်းဘုရင်ဟောင်း ဘူမိဘောဟာ  ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၃ ရက်နေ့ က သက်တော်  ၈၉ နှစ်အရွယ်မှာ နတ်ရွာစံသွားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013