DVB Logo
Home
မြန်မာသတင်း
‘ကို့ယို့ကားရား’ရုပ်ရှင်ဇာတ်ကားကို ပြောင်းလဲရိုက်ကူးရန်သဘောတူညီမှုရရှိ
DVB
·
October 23, 2017
‘ကို့ယို့ကားရား’ရုပ်ရှင်ဇာတ်ကားကို ပြောင်းလဲရိုက်ကူးရန်သဘောတူညီမှုရရှိ
Donate to DVB

ကို့ယို့ကားရားလို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ဇာတ်ကားနာမည်နဲ့  သရုပ်ဆောင်မှု ပုံသဏ္ဌာန်တွေကို ပြောင်းလဲရိုက်ကူးဖို့  မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ ရိုက်ကူးထုတ်လုပ်သူတွေ သဘောတူညီမှုရရှိခဲ့ပါတယ်။

ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးနေတဲ့ ကို့ယို့ကားရားရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေမှုမှာ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ ဇာတ်ကားရိုက်ကူးနေသူတွေကြား သဘောထားကွဲလွဲမှုတွေ ရှိခဲ့တဲ့အတွက် အောက်တိုဘာ ၂၃ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ မသန်စွမ်းအဖွဲ့အစည်းတွေ၊  ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေ တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။

အခုလိုညှိနှိုင်းမှုအရ လက်ရှိမှာတော့ အဲဒီဇာတ်ကားကို ဇာတ်ကားနာမည်ပြောင်းလဲပြီး သရုပ်ဆောင်မှုအပိုင်းတွေမှာလည်း မသန်စွမ်းသူတွေရဲ့ ဂုဏ်သိက္ခာတွေ ထိခိုက်မှုမရှိအောင် ပြောင်းလဲ ရိုက်ကူးဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့တာလို့  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

အနုပညာဖန်တီးမှုတွေမှာ မသန်စွမ်းသူတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့ အပြုအမူ အပြောအဆိုတွေကို ရှောင်ရှားပြီး သူတို့တွေရဲ့စွမ်းဆောင်မှုတွေ၊ အခွင့်အရေးတွေကို အပြုသဘောနဲ့ ဖန်တီးမှုတွေ ပြုလုပ်စေချင်တယ်လို့  မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က ဦးနေလင်းစိုးကပြောပါတယ်။

မြန်မာနိုင်ငံက မသန်စွမ်းအသင်းအဖွဲ့တွေ အနေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ တွေ့ဆုံမှုဟာ ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013