DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA လမ်းကြောင်းပေါ်ကသွားရန် UNFC ကို ထပ်မံဖိတ်ခေါ်
DVB
·
October 23, 2017
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA လမ်းကြောင်းပေါ်ကသွားရန် UNFC ကို ထပ်မံဖိတ်ခေါ်
Donate to DVB

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပိုပြီးမြန်မြန်ခရီးရောက်နိုင်မယ့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လမ်းကြောင်းပေါ်ကနေ သွားစေချင်တယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကို ငြိမ်းချမ်းရေးကော်မရှင်က ဖိတ်ခေါ်တိုက်တွန်းပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ရဲ့နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ရဲ့  သတ္တမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

NCA လမ်းကြောင်းပေါ်ကို ရောက်တဲ့ခါ UNFC အနေနဲ့ NCA မှာမကြိုက်တဲ့အချက်တွေ ပြင်ဆင်ချင်တာတွေကို အားလုံးနဲ့ညှိနှိုင်းပြီး သွားလို့ရတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့လည်း ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ကပြောပါတယ်။

UNFC ရဲ့ကိုယ်စားလှယ်အဖွဲ့ DPN ကတော့ NCA မှာပါဝင်ဖို့ဆိုရင် သူတို့တောင်းဆိုထားတဲ့အချက် ၈ ချက်ကို တပ်မတော်ဘက်လိုက်လျောမှဖြစ်မယ်ဆိုတဲ့အချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပါတယ်။

အဲဒီအချက် ၈ ချက်ကို တောင်းဆိုတာ ၁၅ လ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် တပ်မတော်ဘက်က မလိုက်လျောသေးတာကြောင့် UNFC ရဲ့ NCA မှာပါဝင်ရေးဟာ နှောင့်နှေးနေရတာလို့ DPN ခေါင်းဆောင် ခူဦးရယ်ကပြောပါတယ်။

DPN ဘက်ကတောင်းဆိုထားတဲ့ အချက်ရှစ်ချက်ထဲက ပထမအချက်လေးချက်ကို တပ်မတော်ဘက်က ကနဦး သဘောတူညီမှုရှိခဲ့ပေမယ့် အချက်အားလုံးကို သဘောတူညီဖို့ တပ်မတော်ဘက်ကစဉ်းစားနေဆဲဖြစ်ပါတယ်။

အဲဒီလိုကြာရှည်ညှိနှိုင်းရခက်တဲ့အခြေအနေတွေကြောင့် အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ NCA ၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို လက်မှတ်မထိုးထားတဲ့ UNFC ကိုယ်စားလှယ်တွေ မတက်ရောက်ခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013