DVB Logo
Home
မြန်မာသတင်း
ပုဂံ၊ ညောင်ဦး ဒေသတွင် လက်ပန်းချီလုပ်ငန်း ပိုမို ရေပန်းစားလာ
DVB
·
October 23, 2017
ပုဂံ၊ ညောင်ဦး ဒေသတွင် လက်ပန်းချီလုပ်ငန်း ပိုမို ရေပန်းစားလာ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးဒေသတွေမှာ လက်ပန်းချီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေ အရင်နှစ်တွေထက် ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

“ပုံမှန်တော့မရှိပါဘူး။ ဧည့်ကျတဲ့ရက်ဆို ပိုမိုဝင်ငွေရပြီး ပျမ်းမျှတနေ့ ၅၀၀၀ လောက် ရတယ်။ ယွန်းပန်းချီဆွဲတာ အဲဒါပြီးတော့ ပိတ်ပန်းချီ ငယ်ငယ်လေးတည်းက သင်ခဲ့တာ ဝါသနာလည်းပါတယ်။ ခရီးသွားတွေရဲ့ တောင်းဆိုချက်အရ လက်ပန်းချီလုပ်ငန်း လုပ်ဖြစ်တာ။ ပုဂံရောက် အမှတ်တရပေါ့ ၄ ရက်လောက်တော့ခံတယ်၊ ကနုတ်များတဲ့ အပေါ်မှာပဲ ကြည့်ယူရတယ်။ လက်ပန်းချီဆိုင်ပေါင်း ၃၀ လောက်တော့ရှိတယ်။ ဒီနှစ်မှ ရေပန်းစားလာတာ ၇ လလောက်ပဲ ရှိသေးတယ်" လို့ မြင်းကမ္ဘာရွာမှ လက်ပန်းချီ လုပ်ငန်းလုပ်ကိုင်သူ မောင်အာကာမြင့်မိုရ် က ပြောပါတယ်။

ပုဂံမြို့က မအေးသီတာက “အဓိကတော့ ယွန်းပန်းချီလုပ်ငန်းပါပဲ။ အရုပ်လေးတွေက ဘုရားဖူးခရီးသွားတွေ အမှတ်တရ ဓာတ်ပုံရိုက်အောင် မေတ္တာနဲ့ချိတ်ဆွဲပေးထားပြီး သူတို့ ကြိုက်လို့ဝယ်ရင်လည်း တရုပ်ကို ၄၀၀၀ ကနေ  ၅၀၀၀ ထိရောင်းရပြီး ဒီလုပ်ငန်းက မိသားစု လုပ်ငန်း ဖြစ်တယ်” လို့ ပြောပါတယ်။

မြင်းကမ္ဘာရွာမှ ကိုသိန်းကြည်က “ယွန်းပန်းချီလုပ်ငန်းလုပ်ကိုင်တာ ၂၅ နှစ်လောက်ရှိပြီ အသက် ၁၂ နှစ်အရွယ်ကတည်းက ပုဂံမြို့ ယွန်းဆရာ ဦးတင်ဌေး ထံမှာ ပညာသင်ကြားခဲ့တာ။ ဒီလုပ်ငန်းက ပုဂံနဲ့လည်း လိုက်ဖက်မှုရှိတယ်။ ပျမ်းမျှဝင်ငွေကတော့ တလကို ၂ သိန်း၊ ၂ သိန်းခွဲ လောက် လောက်ဝင်ပါတယ်။ လုပ်ငန်းတွင်ကျယ်လာတာကတော့ ယွန်းပန်းချီ၊ ပိတ်ပန်းချီ ဆက်နွှယ်မှုတွေရှိပြီး ဘုရားဖူး ခရီးသွားတွေရဲ့တောင်းဆိုချက်အရ လက်ပန်းချီလုပ်ငန်း စတင်တာ ၂ နှစ်လောက်ပဲရှိပြီး ပိုမိုခေတ်စားလာတာ တနှစ်လောက်ပဲ ရှိသေးတယ်” လို့ ပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013