DVB Logo
Home
မြန်မာသတင်း
မတ်ပဲဈေးကျဆင်းမှုကြောင့် ပဲစိုက်တောင်သူများ အခက်တွေ့
DVB
·
October 23, 2017
မတ်ပဲဈေးကျဆင်းမှုကြောင့် ပဲစိုက်တောင်သူများ အခက်တွေ့
Donate to DVB

အခုနှစ်ရာသီမှာ မတ်ပဲဈေးကွက်ပျက်သွားလို့ ဆောင်းသီးနှံအဖြစ်မတ်ပဲကို အားထား စိုက်ပျိုးနေရတဲ့ တောင်သူတွေအနေနဲ့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။

“ကျနော်တို့က ဆောင်းသီးနှံဆို မတ်ပဲကို အဓိကထား စိုက်လာကြတာလေ။ အခုနှစ်မှာမတ်ပဲက ဈေးအဆမတန် ကျသွားတယ်။ နောက်နှစ်အဲဒီလို ထပ်ဖြစ်ရင်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဘာစိုက်ရမလဲဆိုတာ တွေးလာရတယ်။ နောက်ဘာသီးနှံစိုက်ရမယ်ဆိုတာလည်း မသိဘူး။ အဲဒီတော့ တောင်သူတွေအနေနဲ့ ပြောချင်တာကတော့ မတ်ပဲဈေးကွက်ကို အစိုးရအနေနဲ့ အိန္ဒိယတစ်နိုင်ငံထဲကို မီခိုမနေဘဲ စေဈးကွက်သစ်ရှာစေ့ချင်တယ်။ ပြီးတော့ အာမခံဈေးပေါ့။ ဘယ်လောက်အနိမ့်ဆုံးဝယ်မယ်ဆိုတာ သတ်မှတ်ပေးစေ့ချင်တယ်” လို့ မတ်ပဲစိုက်တောင်သူ ဦးမျိုးတင့်က ပြောပါတယ်။

၂၀၁၆ မတ်ပဲရာသီမှာ သုံးတင်းဝင် အိတ်တလုံး ၁၁၅၀၀၀ ကျပ်ခန့်ဈေးရရှိခဲ့ရာမှ အခုနှစ်ရာသီမှာ သုံးတင်းဝင်အိတ်တလုံးကို ၄၆၀၀၀ သာရရှိခဲ့တယ်လို့ ပဲလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အဓိက အစိုးရကလုပ်ပေးရမှာကတော့ ပဲဈေးကွက်ကို အသစ်ရှာရမယ်/ အိန္ဒိယ တခုတည်းကိုပဲ မီခိုနေလို့မရဘူး။ အိန္ဒိကမဝယ်ဘူးဆိုတာနဲ့ ဈေးကွက်ကပျက်တယ်ဆိုတာ မဖြစ်သင့်ဘူးလေ။ နောက်နှစ်လည်း ပဲဈေးကွက်ကအကျဘက်ကို များနေတယ်။ ကျနော်တို့ ကုန်သည်တွေဘက်က တွက်တာပေါ့နော်။ အဲဒီတော့ တော်တော် သတိထားလုပ်ရမယ်” လို့ ပဲကုန်သည်တဦးက ပြောပါတယ်။

ဖြူးမြို့နယ်အတွင်းမှာ ဆောင်သီးနှံအဖြစ် မတ်ပဲကိုသာ အစိုက်များကြပြီး တောင်ငူခရိုင် အနေနဲ့ ၂၀၁၆ ခုနှစ်မှာ မတ်ပဲစိုက်ဧက ၂ သိန်းကျော်ရှိခဲတယ်လို့ တောင်ငူခရိုင်စိုက်ပျိုးရေးဌာနက သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013