DVB Logo
Home
မြန်မာသတင်း
ဗန်းမော်တင်အောင်ကွယ်လွန်ခြင်း ၃၉ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ
DVB
·
October 23, 2017
ဗန်းမော်တင်အောင်ကွယ်လွန်ခြင်း ၃၉ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ
1 / 8
Donate to DVB

 

ပြည်သူ့သတင်းစာဆရာ ပြည်သူ့စာရေးဆရာ ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၉ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အောက်တိုဘာ ၂၃ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆရာ ဗန်းမော်တင်အောင်ဟာ ဒုတိယကမ္ဘာစစ်အပြီး ကာလကစပြီး ဒီနေ့မျက်မှောက် ကာလခေတ်အထိ နိုင်ငံရေး အယူအဆနဲ့ စာပေသြဇာ ကြီးမားခဲ့တဲ့ သူတယောက် ဖြစ်ပါတယ်။

ဆရာဗန်းမော်တင်အောင်ဟာ  “မောင်တင်အောင်” ကလောင်အမည်နဲ့ ရေးသားတဲ့ “ဘုန်းမေ့နိုင်ဘူး” ဝတ္ထုနဲ့ ပထမဦးဆုံး စာပေလောကကို ဝင်ရောက်ခဲ့ပြီး အဲဒီကဆက်လက်ပြီး “မြန်မာ့ရုပ်ရှင်”၊ “ဘားမားဂျာနယ်”၊ “မြန်မာ့တာဝန်” မဂ္ဂဇင်းတွေမှာ ဝတ္ထုတွေကို ရေးသားခဲ့ပါတယ်။

၁၉၃၉ မှာ “မဟာအောင်” ကလောင်အမည်နဲ့ “ဂျာနယ်ကျော်”မှာ“စစ်ထွက်ယောက်ျား” ဝတ္ထုတိုကို ရေးသားခဲ့ပါတယ်။ ၁၉၄၅ နိုဝင်ဘာလထုတ် ဂျာနယ်ကျော်မှာပါတဲ့ “နော်မူးဂေး” ဝတ္ထုတိုမှစတင်ပြီး “ဗန်းမော်တင်အောင်”ကလောင်အမည်ကို ယူခဲ့ပါတယ်။

ဒါအပြင် ၁၉၅၀-၅၂ ကစပြီး ၁၉၅၇-၅၉ ထိ  “လင်းယုန်”ဂျာနယ်ကို အယ်ဒီတာနဲ့ ထုတ်ဝေသူအဖြစ် တာဝန်ယူကာ လုပ်ဆောင်ခဲ့ပါတယ်။

ကွယ်လွန်ချိန်ထိ လုံးချင်းဝတ္ထု ၆၀ ကျော်နဲ့ ဝတ္ထုတို၊ ဆောင်းပါး၊ နိုင်ငံရေး စာတမ်းများ များစွာ ရေးသားခဲ့ပါတယ်။

သူ့ရဲ့  စာပေရေးသားချက်များကြောင့် နိုင်ငံရေး ပုဒ်မတွေနဲ့ မကြာခဏ အရေးယူခံခဲ့ရသလို ကိုကိုးကျွန်း အကျဉ်းထောင်ကိုလည်း ပို့ဆောင်ခံခဲ့ရပါတယ်။

အခမ်းအနားကို စာပေနယ်ပယ်က လူတွေ နိုင်ငံရေးအင်အားစုတွေနဲ့ လူပုဂ္ဂိုလ် အင်အား ၁၀၀ ကျော် တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013