DVB Logo
Home
မြန်မာသတင်း
ငါးသလောက်ငါး မျိုးပေါက်ဖွားမှုနှုန်း လျှော့နည်းကျဆင်းလာနေ
DVB
·
October 23, 2017
ငါးသလောက်ငါး မျိုးပေါက်ဖွားမှုနှုန်း လျှော့နည်းကျဆင်းလာနေ
Donate to DVB

ရာသီဥတုအပြောင်းအလဲပေါ်မူတည်ပြီး ဥချဖို့နေရာတွေ ပြောင်းလဲလာရသလို ငါးဖမ်းသမားများ မဆင်မခြင်ဖမ်းဆီးမှုနဲ့ ဂေဟစနစ်တွေပါ ပျက်ဆီးလာတာကြောင့် ငါးသလောက်မျိုးပေါက်ဖွားမှုနှုန်း ၂၀၀၀ နှစ်လောက်ထက် လျှော့နည်းလာနေတယ်လို့ ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မင်းဦးက ပြောပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်မှာ လွန်ခဲ့တဲ့ ၅ နှစ်ထက် ငါးသလောက်ငါးမျိုးမှာ ငါးဖမ်းသမားတွေ ဖမ်းဆီးတာတွေ ကျဆင်းလာနေသလို ငါးဥချဖို့အတွက်နေရာတွေ ပြောင်းလဲလာတာကြောင့် ငါးသလောက်ငါးတွေ အရင်ကလို ဖမ်းမရဘူးလို့ ငါးဖမ်းသမားတွေက ပြောပါတယ်။

လုပ်သက်နှစ် ၂၀ လောက်အတွေ့ကြုံရှိတဲ့ ငါးဖမ်းပဲ့နင်းလုပ်ကိုင်သူ ဦးခင်မောင်ဝင်းက “ဒီဘက်နယ်မှာ ငါးသလောက်ငါးတွေသိပ်ပြီး မတွေ့ရဘူး။ ဖမ်းဆီးတဲ့နေရာမှာ အရင်ပိဿာ ရာဂဏန်းဖမ်းရပေမယ့် အခုငါးဖမ်းလှေတွေ မတွေ့ရှိရသလို တခြားငါးတွေနဲ့ရောပြီး ပါလာတာအနည်းငယ်သာရှိပါတယ်”လို့ ပြောပါတယ်။

ငါးသလောက်အများဆုံးမှာ အောက်တိုဘာမှာ မျိုးဥပေါက်ဖွားလေ့ရှိကြပြီး ဖေဖော်ဝါရီလမှာ ထပ်မံ ၁ ကြိမ်ပေါက်ဖွားကာ အများဆုံးရေချိုရေငန်စပ်နေရာမှာ ဥချလေ့ရှိပြီး ဘင်္ဂလားက ပ္ပလီ ပင်လယ် ရေပြင်မှာနေထိုင်ကျက်စားလေ့ရှိကြပါတယ် လို့ ငါးဦးစီးမှူး ဦးဇော်မင်းက ပြောပါတယ်။

ငါးမျိုးတွေ မထိခိုက်အောင်လည်း ဥချပေါက်ဖွားနိုင်တဲ့ ရေပြင်ဧရိယာကိုလည်း ငါးဦးစီးဌာနမှ ကန့်သတ်ဧရိယာအဖြစ်ထိန်းသိမ်းထားခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရပါတယ်။

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရဲ့ မှတ်တမ်းများတွေအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ငါးသလောက်ငါးကီလိုဂရမ် ၆၃၅၁၄၀ ဂရမ် ပြည်တွင်းသို့တင်ပို့ နိုင်ခဲ့ပြီး ၂၀၀၀ ခုနှစ်မှ စတင်ကာ လျှော့နည်းကျဆင်းလာကာ ဒီနေ့အချိန်အထိ ဒေသငါးသလောက်ပေါက်ဈေး ၁ ပိဿကို ကို ကျပ် ၅၀၀၀ ကနေ ၁ သောင်းကျော်မှာ ရရှိနေတယ်လို့ ဆိုပါတယ်။

သတင်း - နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013