DVB Logo
Home
ရွေးကောက်ပွဲ
ပြင်ဦးလွင်မှာ ဆန္ဒမဲပေးလိုပေမယ့် မပေးရသူ များနေ
DVB
·
April 1, 2012
ပြင်ဦးလွင်မှာ ဆန္ဒမဲပေးလိုပေမယ့် မပေးရသူ များနေ
Donate to DVB

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်က မဲရုံတွေမှာ ဆန္ဒမဲပေးလိုသူတွေရဲ့ စာရင်းမပါတာတွေ ဖြစ်ပေါ်တဲ့ အရေအတွက် များနေတယ်လို့ ပြင်ဦးလွင်မြို့က အန်အယ်လ်ဒီပါတီကနေ ၀င်ရောက် ယှဉ်ပြိုင်တဲ့ ဦးကျော်သီဟက ပြောပါတယ်။

“ကျနော်က အခု မဲစာရင်းတွေ လိုက်စစ်တယ်။ စစ်တဲ့အခါကျတော့ အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်တွေကို ကိုင်လာပြီးတော့မှ ပြောတယ်။ အဲဒီထဲမှာ အခု တယောက်လည်းပဲ အိမ်ထောင်စုအလိုက် ရှိတယ်။ အိမ်ထောင်စုအလိုက်မှာ မပါလို့ ဆိုပြီးတော့မှ ပြန်လာပြောတယ်။ ကျနော့်ဘက်က ကော်မရှင်ကို ပြောပါဆိုတော့ တချို့သောကော်မရှင်တွေက ပြီးခဲ့တဲ့ရက် နောက်ဆုံးနေ့က ၂၄ ရက်နေ့ဆိုတာ ပေးထားတယ်။ ဒီဘက်က သွားမကြည့် ဖြစ်တာရော သူတို့က ၂၀၁၀ မှာ ပါပြီးသားလူကို မပါခဲ့တဲ့ ကိစ္စမှာ ပြန်ပြောကြတာပေါ့။ အဲဒီလို ပြောကြတဲ့အခါကျတော့ သူတို့က မထည့်ပေးနိုင်ဘူး ဖြစ်တယ်။ မထည့်ပေးနိုင်တာကို ရိုးရိုး နောက်ကျလို့ မထည့်ဘူးလို့ ပြောရင် တမျိုး။ ၂၀၁၀ တုန်းက ခင်ဗျားတို့ ထည့်ပါဆိုတုန်းက လာမထည့်ဘူး။ အခုကျတော့မှ တအား ထည့်ချင်နေကြတာလား ဘာညာနဲ့ပြောတဲ့ ၀န်ထမ်းတွေလည်း ရှိတယ်လေ။ အပြောခံရတဲ့ မဲဆန္ဒရှင်ပြည်သူတွေလည်း ရှိတယ်။ အဲဒါမျိုးတွေ လာတော့မှ ကျနော်က မဲရုံတွေကို အန်အယ်လ်ဒီလွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ ကျနော်က သွားကြည့်တယ်။ ကြည့်တဲ့အခါကျတော့ မဲရုံတွေမှာ မိသားစုတွေအလိုက် မဲထည့်ချင်လျက်သားနဲ့ လာထည့်ဖို့ သူတို့အခက်အခဲ ဖြစ်တဲ့ဟာတွေကို အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်နဲ့ လာပြကျတာတွေ များနေတဲ့အတွက်ကြောင့် တွေ့ရှိချက်ကို ပြောပြတာပါ။”

အရေအတွက် ဘယ်လောက်ရှိလဲ။

“အရေအတွက်ကိုတော့ ကျနော် ရုံးမှာ စာရင်းပေးထားတာတွေကို ပြုစုပြီး မှတ်တမ်းတင်ထားပါတယ်။ အခုတော့ ဘာမှာ မတတ်နိုင်တော့ဘူးလို့ ပြောရတယ်။ အဓိကကတော့ ကျနော် အဲဒီလို မပြောနိုင်သေးဘူး။ ပြောနိုင်တာက အခု သိရသလောက်ကတော့ လေးငါးခြောက်ထောင်၊ ခုနှစ်ထောင် တသောင်းနီးပါးများ ရောက်သွားမလားမသိဘူး။ သေချာ အတိအကျတော့ မပြောနိုင်သေးဘူး။ ကျနော် အခု ပြင်ဦးလွင်မြို့က မဲရုံတော်တော်များများကို ရောက်ခဲ့ပြီးပြီ။ အဲဒီအထဲမှာ ကြံ့ခိုင်ရေးကလည်းပဲ မဲမထည့်တာရော၊ လွန်လွန်ကဲကဲနဲ့ ဇွတ်ဆွဲတာ၊ ပြောတာ၊ အော်တာမျိုး မရှိသလို ကျနော်တို့ဘက်ကလည်း ဘာမှမရှိဘူး။ မဲပေးပုံနဲ့ မဲထည့်တာနဲ့ မဲဆွယ်စည်းရုံးတဲ့ ကိစ္စမှာတော့ ဟိုဘက်ဒီဘက်မှာ ဘာမှ လွန်လွန်ကဲကဲ ပြောစရာ မရှိပါဘူး။ အခု မဲစာရင်းပဲ ပြောစရာရှိတယ်။ ကျန်တာတွေအတွက် ကျနော်တို့ မြင်နေရတာကတော့ မီဒီယာမှာ ပြောစရာရှိလောက်အောင် တရားမျှတမှု ကင်းတာမျိုး မတွေ့ရပါဘူး။”

တခြားမြို့နယ်တွေမှာလည်း မဲလက်မှတ်တွေအပေါ်မှာ ကော်မရှင် တံဆိပ် မပါတာတွေ၊ ဖယောင်းသုတ်ထားတာတွေ ဖြစ်နေတယ်လို့ ကြားပါတယ်။ အန်ကယ်တို့ ပြင်ဦးလွင်ဘက်မှာ အဲဒီလို ဖြစ်တာတွေ ရှိပါသလား။

“ကျနော် အခုတွေ့မိသလောက်ထဲမှာတော့ ဒီကိစ္စမျိုး တခုမှ မတွေ့ရသေးပါဘူး။ ဖယောင်းသုတ်ထားတာလည်း မတွေ့ရသလို မဲလက်မှတ်က ပြဿနာ တက်တာမျိုးတွေ ဘာတွေ ဘာမှ မတွေ့ရသေးပါဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013