DVB Logo
Home
မြန်မာသတင်း
ဓမ္မာရုံဆောက်ရန် အလှူခံနေသည့် အမျိုးသမီး ၁ ဦး ကားတိုက်မိပြီး သေဆုံး
DVB
·
October 23, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၆၆/၀ နဲ့ ၁ အကြား အောက်တိုဘာလ ၂၂ ရက် မနက်က အင်းကန်းကြီးရွာ ဓမ္မာရုံဆောက်ဖို့ အလှူခံနေတဲ့ အမျိုးသမီးတဦး ကားပေါ်က ပစ်ချ လှူဒါန်းငွေ လိုက်ကောက်ရင်း ကားတိုက်မိပြီး သေဆုံးသွားတယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းရဲ့ ဝဲယာနှစ်ဖက်လုံးမှာ အင်းကန်းကြီးရွာ ဓမ္မာရုံဆောက်ဖို့ အလှူခံပါတယ်။ ဖြတ်သန်းသွားတဲ့ ကားတစီးက လမ်းပေါ် ပစ်ချလှူဒါန်းခဲ့တဲ့ငွေကို အင်းကန်းကြီးရွာနေ အသက် ၃၅ နှစ်ရှိ မချိုပြုံး လိုက်ကောက်ချိန်မှာ ချမ်းမြသာစည်မြို့နယ်နေ အသက် ၅၂ နှစ်ရှိ ဦးတင်အောင် မောင်းလာတဲ့ ဒိုင်နာကားက လမ်းအလယ်မှာ တိုက်မိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တာပါ။

ရွှေတောင်ရွာရဲစခန်းမှူး ရဲအုပ်ကျော်နိုင်စိုးက “လမ်းပေါ်ကျနေတဲ့ အလှူငွေကို အာရုံရောက်နေတော့ ကားလာတာ သတိမထားမိလိုက်တာ ဖြစ်မယ်။ မချိုပြုံး ဦးခေါင်ချိုစောင်း ပေါက်ပြဲတယ်။ နားက သွေးထွက်တယ်။ ယာဘက်ပခုံးနဲ့ လက်ဒဏ်ရာရတယ်။ နေရာတင် သေဆုံးတယ်။ ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်”လို့ ပြောပါတယ်။

ရွှေတောင်ရွာရဲစခန်းက ဦးတင်အောင်ကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကအရ အမှုအမှတ်စဉ် ယာဉ်(ပ)၂၉/၂၀၁၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013