DVB Logo
Home
မြန်မာသတင်း
မကျီးအုပ်ရွာတွင် ခင်ပွန်းဖြစ်သူနှင့် စကားများပြီး ဇနီးဖြစ်သူ ဆွဲကြိုးချ သေဆုံး
DVB
·
October 23, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၊ မကျီးအုပ်ရွာမှာ အောက်တိုဘာလ ၂၂ ရက် မနက်က ခင်ပွန်းဖြစ်သူ ဖုန်းအသုံးပြုနေလို့ စကားများခဲ့ရာကနေ ဇနီးဖြစ်သူက စိတ်ဆိုးမပြေနိုင်ဘဲ ဝါစိုက်ခင်း တဲခေါင်မှာ ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ ရွာအုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။

မကျီးအုပ်ရွာနေ မအေးမွန် (၂၃-နှစ်)တို့ လင်မယားဟာ မနက်ပိုင်းမှာ ရွာက ထွက်လာပြီး ရွာအရှေ့ဘက်ရှိ ဝါစိုက်ခင်းမှာ ဝါကောက်ယူလေ့ရှိပါတယ်။ အဲဒီနေ့မနက် ဝါကောက်နေချိန် ယာခင်းတဲကို မအေးမွန် ပြန်သွားတာကြာလို့ ခင်ပွန်းဖြစ်သူ လိုက်သွားရာ အမြင့် ၆ ပေလောက်ရှိ တဲရဲ့ အလယ်ထုပ်တန်းမှာ လက်သန်းလုံးခန့် ပလတ်စတစ်ကြိုးနဲ့ ဆွဲကြိုးချ သေဆုံးတာ တွေ့ရတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ကိုမောင်ဇော်က “လတ်တလောတော့ စကားများ ရန်ဖြစ်တာ မရှိဘူး။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကပဲ ခင်ပွန်းဖြစ်သူ ဖုန်းသုံးနေတာ မကြိုက်လို့ စကားများပြီး မိဘအိမ် ဆင်းသွားတယ်။ ပြန်ပေါင်းတာ ၅ ရက်လောက်ပဲ ရှိသေးတယ်။ စိတ်ဆိုးမပြေနိုင်ဘဲ ဆွဲကြိုးချတယ် ထင်တာပဲ” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက ဒုရဲအုပ်အောင်ကိုဝင်းက “ပြင်ပဒဏ်ရာ မတွေ့ရပါဘူး။ ၃ ပင် ပတ်လည် ယာခင်းတဲဆိုတော့ အမြင့်က လူအရပ်ထက် တပေကျော်ကျော်လောက်ပဲ ရှိနေတယ်။ ပလပ်စတစ်ကြိုးအရှည်နဲ့ဆိုတော့ လူအရပ်လွတ်ရုံပဲ သေဆုံးတယ်။ ဝမ်းတွင်းဆေးရုံကို ပရဟိတကားနဲ့ ပို့တယ်” လို့ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013