DVB Logo
Home
မြန်မာသတင်း
သေနတ်မှန်သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအတွက် ဂုဏ်ပြုပန်းခွေချ
DVB
·
October 23, 2017
သေနတ်မှန်သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအတွက် ဂုဏ်ပြုပန်းခွေချ
1 / 6
Donate to DVB

 

လက်ပံတောင်းတောင်ဒေသမှာ ဦးခေါင်းသေနတ်ထိမှန်သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်းကျဆုံးခြင်း ၃၄ လပြည့် အခမ်းအနားကို သေဆုံးခဲ့တဲ့နေရာမှာ မနေ့ညနေပိုင်းက ကျင်းပပြီး ဒေသခံတွေက  ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။

၂၀၁၄ ဒီဇင်ဘာ ၂၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးခတ်စဉ် ရဲခြုံရေးရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်းရဲ့ ဦးခေါင်း သေနတ်ထိမှန် သေဆုံးခဲ့သလို ရွာသားတချို့လည်း ဒဏ်ရာရရှိခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုမှန်မပေါ်ပေါက်သေးတာ၊ ဒေသခံတွေရဲ့ နစ်နာဆုံးရှုံးရမှုတွေ ပြန်လည်လုပ်ဆောင်ပေးတာတွေမရှိသေးတဲ့အတွက် ဒေသခံတွေက ဒေါ်ခင်ဝင်းကျဆုံးခြင်း ၃၄ လပြည့်အခမ်းအနား ပြုလုပ်ခဲ့တာပါ။

ဦးခေါင်းအားသေနတ်ထိမှန်သေဆုံးခဲ့တဲ့ တောင်သူ ဒေါ်ခင်ဝင်းအမှုကို ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်ဥပဒေအရာရှိတို့ရဲ့ သဘောထားမှတ်ချက်နဲ့ ဆားလင်းကြီးမြို့နယ်ရဲစခန်းက ၂၀၁၅သြဂုတ်၁၂နေ့မှာ အမှုပိတ်သိမ်းခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ဒေါ်ခင်ဝင်းအမှုတွဲကို ပြန်လည်စိစစ်ဖို့ ပြည်ထောင်စုကညွှန်ကြားတဲ့ စာချွန်လွှာကို ယင်းမာပင်ခရိုင်တရားရုံးက လက်ခံခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

"အခုလိုလုပ်တာက မတရားမှုတွေဟာ ဆက်လက်တည်ရှိနေတယ်။ မပြောင်းလဲသေးဘူး ဆိုတာ သိစေချင်လို့။ ဒေါ်ခင်ဝင်းသေဆုံးရတာ ရဲတွေပစ်တာမှန်းသိရက်သားနဲ့ အခုထိ တရားခံ အစစ်အမှန်မဖော်နိုင်သေးဘူး။ ဒေါ်ခင်ဝင်းကိစ္စတင်မကဘူး မီးလောင်ဗုံးတရားခံတွေလည်း မဖော်ထုတ်နိုင်သေးဘူး။ ဒေသခံတွေပေးဆပ်ရတာတွေ၊ တောင်းဆိုနေတာတွေကိုလည်း တာဝန်ရှိသူတွေက အခုထိဖြည့်ဆည်းပေးတာ မရှိသေးဘူးဆိုတာ သိစေချင်တယ်"လို့ အောက်မေ့ဖွယ် အခမ်းအနား လာရောက်သူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

ဒေသခံတွေတောင်းဆိုထားတဲ့ ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို တာဝန်ရှိသူတွေက အောက်တိုဘာ ၂၄ ရက်ညနေမှာ စစ်ကိုင်တိုင်း အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013