DVB Logo
Home
မြန်မာသတင်း
ပီအန်အေ ပြည်သူ့စစ်က ရွာသားများကိုဖမ်းပြီး ငွေကြေးဖြင့် ပြန်ရွေးခိုင်း
DVB
·
October 22, 2017
ပီအန်အေ ပြည်သူ့စစ်က ရွာသားများကိုဖမ်းပြီး ငွေကြေးဖြင့် ပြန်ရွေးခိုင်း
Donate to DVB

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စု လွယ်တမ်းရွာသားနဲ့ နန်းအွန်ရွာသား သုံးယောက်ကို ပအိုဝ်းဌာနေပြည်သူ့စစ်အဖွဲ့ (ပီအန်အေ) က အောက်တိုဘာ ၂၀ ရက်နေ့မှာ ဖမ်းဆီးသွားပြီး တစ်ယောက် ငွေကျပ် ၁၅ သိန်းနဲ့ ပြန်လာရွေးခိုင်းကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူမှာ လွယ်တမ်းရွာနေ ခွန်အောင်နှင့် ခွန်တဘဲ သားအဖနှစ်ဦး၊ နမ်းအွန်ရွာနေ ခွန်ပိန်တို့ဖြစ်ပြီး မူးယစ်ဆေး ဝါးရောင်းဝယ်တယ်လို့ စွပ်စွဲကာ ပီအန်အေ ပြည်သူ့စစ် တပ်ကြပ်ကြီး အောင်သန်း ဦးဆောင်တဲ့ ပြည်သူ့စစ်အင်အား ၂၀ ဝန်းကျင်က လာရောက် ဖမ်းဆီးသွားကြောင်း သိရပါတယ်။

"သူတို့ဖမ်းပြီး မူးယစ်ဆေးဝါး ရှာတာလည်းမတွေ့ပါဘူး။ မူးယစ်ဆေးဝါး ရောင်းတယ် ထင်လို့ ဖမ်းသွားတာတဲ့။ အခုလုတ်ခိုင်းရွာ မြောက်ဘက်တောထဲမှာ ဖမ်းထားတယ်လို့ ကျနော်တို့ သိရတယ်။ ဘယ်သူမှ သွားတွေ့လို့မရဘူး။ တဦးကို ငွေ ၁၅ သိန်းနဲ့ ပြန်လာရွေးခိုင်းနေတယ်”လို့ အဖမ်းခံရသူဘက်မှ လိုက်ကူညီပေးနေသူ ခွန်သိန်းထီက ပြောပါတယ်။

အဖမ်းခံရတဲ့ ရွာသားတွေဟာ စိုက်ပျိုးရေးတမျိုးကိုသာ လုပ်ကိုင်စားသောက် အသက်မွေးတဲ့အတွက် တဦးကိုငွေ ၁၅ သိန်းနဲ့ ပြန်လာရွေးခိုင်းတာ အလွန်များတဲ့ပမာဏကြောင့် မတတ်နိုင်ပဲ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပီအန်အေ တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး ခွန်အောင်သန်းကို ဆက်သွယ်မေးမြန်းရာမှာ “ဌာနချုပ်အနေနဲ့ ဘာမှမသိရသေးဘူး၊ ကျနော်တို့ အဲလိုမလုပ်ဖို့ သတိပေးတာလည်းကြာပြီ၊ အကြိမ်ပေါင်း မနည်းတော့ဘူး။ သူတို့ ဆိုင်ရာတပ်မှူးကို ပြောပြီးအရေးယူခိုင်းရမှာပဲ။ ကျနော်တို့ တပ်သားတွေကို အဲလိုဖမ်းတာဆီးတာ၊ ဒဏ်ရိုက်တာတွေ ကို လုပ်ခွင့်မပေးဘူး။ အစည်းအဝေးတွေမှာလည်း အဲလိုမလုပ်ဖို့ ပြောထားပြီးသား၊ လုပ်တဲ့လူ အရေးယူခံရမှာပဲ။ အဲလိုလုပ်တာကို အရေးယူဖို့ သူတို့ တပ်မှူးတွေကို ဖိအားပေးသွားမယ်။ ဥပဒေပြင်ပကနေပြီးတော့ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး"လို့ပြောပါတယ်။

ဆတ်သေဒေသခံ ခွန်ကံလောင်ကလည်း "ကျနော်တို့ဒေသမှာ လူ့အခွင့်အရေးမပြောနဲ့ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် ဘဝလုံခြုံမှု မရှိဘူး။ ပြဿနာတွေပေါင်းစုံပေါ့၊ ရွာသားဒေသခံတွေက မြေစာပင်ဖြစ်နေရတယ်"လိုပြောပါတယ်။

ယမ်းတွင်းငါးကြောင်းကျေးရွာအုပ်စုဟာ ရပ်စောက်မြို့နယ်ထဲမှာရှိပေမယ့် တရားဥပဒေ စိုးမိုးမှုမရှိဘဲ ဥပဒေမဲ့လုပ်ရပ်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မကြာခဏ ဖြစ်ပွားနေ ပါတယ်။

အဲဒီဒေသမှာ ပီအန်အေ ပြည်သူ့စစ် လုပ်ရှားရာနယ်မြေဖြစ်ပြီး ရွာသားတွေကို ဖမ်းဆီး ရိုက်နက်မှု မကြာခဏဖြစ်ပွားပေမယ့် အထက်က အရေးယူးပေးတာ၊ ဖြေရှင်းပေးတာလည်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013