DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံမှ ပါတီကြီးများနှင့်ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း တရုတ်ပြော
DVB
·
October 22, 2017
မြန်မာနိုင်ငံမှ ပါတီကြီးများနှင့်ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း တရုတ်ပြော
Donate to DVB

 

မြန်မာနိုင်ငံက အဓိကကျတဲ့ ပါတီကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အရေးကြီး ကိစ္စအဖြစ်သဘောထားတယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြီးတန်းအရာရှိက အောက်တိုဘာ ၂၁ ရက်က ပြောဆိုလိုက်ပါတယ်။

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ ပြင်ပမှာလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတကာရေးရာဌာနရဲ့ ဒုတိယ၀န်ကြီး Guo Yezhou က ပြောဆိုသွားတာပါ။

တရုတ်နဲ့ မြန်မာဟာ ရင်းနှီးတဲ့ အိမ်နီးချင်းတွေ ဖြစ်သလို ဆွေးမျိုးပေါက်ဖော် ဆက်ဆံရေး ရှိတဲ့ နိုင်ငံဖြစ်ပြီး အဲဒီ ဆက်ဆံရေး ခိုင်မာဖို့ ပါတီအချင်းချင်း အပါအ၀င် နည်းပယ်အသီးသီးမှာ ပိုပြီး တိုးတက်လုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်လို့လည်း ဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလက်ထက် ၂၀၁၀ ကတည်းက ဆက်ဆံရေးထားရှိခဲ့တာပါ။ ဒါ့အပြင် ၂၀၁၅ မှာ အန်အယ်လ်ဒီ ပါတီနဲ့ ဆက်ဆံရေးပါ လုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရုတ်ကို လာလည်တာတွေ လုပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးက ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့တော့ ရခိုင်မှာဖြစ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှုတ်ချလိုက်ပြီး မြန်မာအစိုးရက အဲဒီဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရအောင် ကြိုးစားလုပ်ဆောင်နေတာတွေကို နားလည် ထောက်ခံတယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ် အပါအ၀င် မြန်မာနိုင်ငံတွင်း ဘယ်ဒေသကိုမဆို ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တာကို မြင်ချင်တယ်လို့လည်း ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013