DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီများကို လက်မခံရန် ဆန္ဒထုတ်ဖော်
DVB
·
October 22, 2017
ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီများကို လက်မခံရန် ဆန္ဒထုတ်ဖော်
1 / 9
Donate to DVB

 

ARSA အကြမ်းဖက်တွေကြောင့် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို လက်မခံဖို့ ဒီကနေ့ နေ့လယ် ၂ နာရီဝန်းကျင်က စစ်တွေမြို့ အပါအဝင် ရခိုင်မြို့နယ်အချို့မှာ ဆန္ဒထုတ်ဖော်လိုက်ကြပါတယ်။

အကြမ်းဖက်ပြီး ထွက်ပြေးသွားတဲ့အထဲမှာ အကြမ်းဖက်သမားတွေ များစွာပါဝင်နေတာ ကြောင့် ဒီလူတွေ ဆက်ပြီး လက်ခံမယ်နေမယ်ဆိုရင် ထပ်မံအကြမ်းဖက်မှုတွေကို ဖြစ်လာမှာ စိုးရိမ်နေကြတယ်လို့ ဆန္ဒပြရာမှာ ဦးဆောင်သူတဦးက အနောက်တံခါးကူညီစောင့်ရေးအဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်ဌေးက ပြောပါတယ်။

“ပြည်သူအသံ၊ ပြည်သူ့အစိုးရကို ကျနော်တို့ ပြောချင်တာကတော့ လက်ရှိအကြမ်းဖက် တွေကြောင့် ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေအုပ်စုထဲမှာ ဘင်္ဂါလီအကြမ်းသမားတွေပါသွားတယ်။ အခုလက်ခံမယ် အစီစဉ်စာရင်းထဲမှာ ပါဝင်လာမယ်ဆိုရင် ရေရှည်မှာလည်း ပဋိပက္ခတွေ ထပ်ဖြစ် လာမှာကို စိုးရိမ်တယ်။ လက်ရှိဘဂါင်္လီတွေကို လက်ခံမယ့်ကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေ ကတော့ လက်မခံနိုင်သေးဘူး။ ဒါကြောင့် ဒီပွဲဆန္ဒပြထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။”

ဒီကနေ့ ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးဓမ္မိကက “ဖြစ်သွားတဲ့ အနေအထားကို ကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကိုရော၊ မြေကိုရော အာဏာကိုရော သိမ်းပိုက်ဖို့ ကြိုးစားနေကြတာဖြစ်တာကြောင့် ဒီလောက်ယုတ်မာပက်စက်တဲ့သူတွေနဲ့ လုံးဝ ဦးဇင်းတို့ အတူမနေနိုင်ဘူး။ ဒါကြောင့် ဆန္ဒထုတ်ဖော်ကြတာပါ။”

ဒီကနေ့ ဆန္ဒထုတ်ဖော်ကို ရဟန်းသံဃာတချို့အပါအဝင် ဒေသခံတွေ စုစုပေါင်း ၆၀၀ ဝန်းကျင်က မြို့ပတ်လမ်းလျှောက်ဆန္ဒထုတ်ခဲ့ပြီး စစ်တွေမြို့ဝင်္ကဘာကွင်းစတင်ခဲ့ပြီး အဲ့ဒီကနေ တဆင့် မြို့ပတ်လမ်းလျှောက်ဖော်ခဲ့ကြတာပါ။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013