DVB Logo
Home
မြန်မာသတင်း
NV ကတ်များ မယူကြရန် အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်ဟု လ၀က ပြော
DVB
·
October 22, 2017
NV ကတ်များ မယူကြရန် အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်ဟု လ၀က ပြော
Donate to DVB

 

ရခိုင်မြောက်ပိုင်းမှာ NV ကတ်တွေ မယူဖို့အတွက် အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်တာတွေ ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

လွန်ခဲ့တဲ့ တပတ်ကျော်က စပြီး မောင်တောမြို့နယ်၊ ရွှေစားကျေးရွာအုပ်စုထဲမှာ NV ကတ် ထုတ်ပေးတာကို လုပ်နေတာပါ။

“အောက်ခြေ လူထုကတော့ ပူးပေါင်းဆောင်ရွက်တဲ့လူ ရှိပါတယ်။ သူတို့ အဆက်အသွယ် တွေက အနှောင့်အယှက်ပေးပြီးတော့ မီးရှို့မယ်၊ လည်လှီးမယ် လုပ်နေကြလို့သာ သူတို့ အားတဲ့ အချိန်မှာ၊ လုံခြုံစိတ်ချရတဲ့ အချိန်မှာ ထွက်ထွက်ပြီး လုပ်နေကြတဲ့ အခြေအနေ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ရွာလူကြီးတွေကို ဖုန်းနဲ့ ခြိမ်းခြောက်တာတွေ ရှိတယ်။ ကလေးတွေလွှတ်ပြီး ခေါ်ခိုင်းပြီးတော့ ခြိမ်းခြောက်တာတွေ ရှိတယ်။ ရွာလူကြီးတွေကလည်း ခဏခဏ အသတ်ခံနေ ရတာတွေရှိတော့ မသွားပဲနဲ့ တိမ်းရှောင်နေတာတွေ ရှိတယ်။ အဲဒီဘက်မှာက အကြမ်းဖက် အဖွဲ့အစည်းက ဒီအဖွဲ့ကပဲ ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။”

ခြိမ်းခြောက်တဲ့ သူတွေဟာ ဘယ်သူတွေဆိုတာ နာမည်နဲ့တကွသိထားပြီး ဖမ်းမိဖို့ ကြိုးစားနေပေမယ့် ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း သူက ပြောပါတယ်။

မောင်တောမြို့နယ်၊ ကညင်တန်းမြို့မရွာက ဒေသခံ မွတ်စလင်တယောက်ကတော့ အဲဒီလို ခြိမ်းခြောက်တယ်ဆိုတာ မသိကြောင်းနဲ့ သူတို့ကိုယ်တိုင်က NV ကတ်ကို မယူတာလို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အမျိုးသားမှတ်ပုံတင်ကို မောင်တောနဲ့ သန်လျင်မှာ အရင်ဆုံးပေးခဲ့တာ။ ဒီမှာ ရှိတဲ့သူတွေက အမျိုးသားမှတ်ပုံတင်နဲ့ နိုင်ငံသား စိစစ်ရေးကတ်ရှိသူတွေရဲ့ သားသမီး မြေးမြစ်တွေ။ NV ကတ် ဆိုတာက နိုင်ငံသားမဟုတ်တဲ့ သူတွေကိုင်ရတာ။ ကျနော်တို့ ကိုင်စရာမလိုဘူး။ ၈၂ ဥပဒေမှာလည်း NV ကတ်ဆိုတာ မရှိဘူးလေ” လို့ ပြောပါတယ်။

စစ်တွေမြို့၊ သဲချောင်းရွာမှာတော့ NV ကတ်မယူရင် ပင်လယ်ထွက် ငါးရှာခွင့် မပြုကြောင်း ဌာနဆိုင်ရာတွေက လာပြောတယ်လို့ ဒေသခံ မွတ်စလင်တွေက ပြောပါတယ်။

အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ကတော့ ဒါဟာ လဝကနဲ့ တိုက်ရိုက်မပတ်သက်ဘူးလို့ ပြောပါတယ်။  လက်ရှိအချိန်ထိ လူဦးရေ ၆၈၀၀ ကျော်ကို NV ကတ် ထုတ်ပေးထားပြီလို့လည်း သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ခံယူရမယ့်သူရဲ့ သက်သေခံကတ်ပြားလို့ခေါ်တဲ့ NV ကတ်တွေ ထုတ်ပေးနိုင်ဖို့ ဦးဆောင်အဖွဲ့တခုကို နိုင်ငံတော်သမ္မတ အမိန့်နဲ့ ဖွဲ့စည်းပေးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013