DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် ၃ တန်းကျောင်းသား ၁ ဦး ရေနစ်သေဆုံး
DVB
·
October 22, 2017
မိတ္ထီလာတွင် ၃ တန်းကျောင်းသား ၁ ဦး ရေနစ်သေဆုံး
Donate to DVB

မန္တလေးတိုးင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းရွာမှာ အောက်တိုဘာ ၂၁ ရက် နေ့လယ်လောက်က ၃ တန်းကျောင်းသားတဦး ရေနစ်သေဆုံးတယ်လို့ မိထ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ မိတ္ထီလာချည်စက် အထက်တန်းကျောင်းနေတဲ့ အသက် ၉ နှစ်အရွယ် ၃ တန်းကျောင်းသား ဝီရအောင်နဲ့ သူငယ်ချင်းတွေ ကျောင်းပိတ်ရက်မှာ ဥယျာဉ်ကုန်းရွာ တောင်ဘက်ရှိ မိတ္ထီလာကန်မှ စိုက်ပျိုးရေးအတွက်ပေးထားသော ရေမြောင်းထဲ ရေဆင်းချိုးရာ ရေစီးနဲ့မျောပါပြီး ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မြို့မစခန်းမှူး ဒုရဲမှူးခင်မောင်စိုးက “ပြင်ပ ဒဏ်ရာမတွေ့ရဘူး။ မိတ္ထီလာကန်ရေအများကြီး လွှတ်ထားတယ်။ ရေစီးသန်လွန်းနေတော့ ရေနဲ့မျောပါသွားပြီး ရေနစ်သွားတာထင်တယ်” လို့ ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၄/၂၀၁၇ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံခြင်း ဟုတ်မဟုတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013