
ရန်ကုန်မြို့ တိရစ္ဆာန်ရုံမှာ ပြည့်သူအသည်းကျော် ဆင်မကြီးမိုမိုရဲ့ ၆၄ နှစ်မြောက်မွေးနေ့ကို အောက်တိုဘာ ၂၁ ကနေ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်နေပါတယ်။
"မိုမိုရေလို့ ခဏခဏခေါ်ရင် မထူးချင်တော့ဘူး။ ကခိုင်းရင် သိပ်မကနိုင်တော့ဘူး။ အခုနောက်ပိုင်း စိတ်ရှုပ်မခံတော့ဘူး။ ဒါက လွဲရင်ကျန်းမာရေး အားလုံးကောင်းတယ်”လို့ မိုမိုကို အနီးကပ်ထိန်းနေတဲ့ ဆင်ထိန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဆင်တွေမှာဖြစ်တတ်တဲ့ လူကကူးစက်တဲ့ တီဘီရောဂါလည်း မရှိဘူး၊ အကုန်စစ်ဆေးပြီးပြီလို့ ဆင်ထိန်းက ဆိုပါတယ်။
ဒီနေ့မှာ မွေးနေ့ကိတ်နဲ့အတူ ပရိသတ်ရဲ့ ဆုတောင်းသံနဲ့ ၆၄ နှစ်မြောက် အခမ်းအနားကို ဖျော်ဖြေပွဲတွေနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။










