DVB Logo
Home
မြန်မာသတင်း
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မိုးစပါရိတ်သိမ်းချိန် တောင်သူများအခက်တွေ့
DVB
·
October 22, 2017
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မိုးစပါရိတ်သိမ်းချိန် တောင်သူများအခက်တွေ့
Donate to DVB

အခုလအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် မိုးစပါးသီးနှံရိတ်သိမ်းရာမှာ တောင်သူတွေ အခက်တွေ့နေပြီး ပျက်စီးဆုံးရှုံးတာတွေလည်း ရှိတယ်လို့ ဖြူးမြို့နယ်အတွင်းရှိ တောင်သူတွေက ပြောပါတယ်။

"မနှစ်ကတော့ မဖြစ်ဘူး။ ဒီနှစ်ကတော့ လွန်တယ်ဗျာ။ စပါးက ရိတ်ချိန်ရောက်နေပြီ။ မရိတ်လို့ကလည်း မဖြစ်တော့ဘူး။ ရိတ်ပြန်တော့လည်း ရေတွေနဲ့ဆိုတော့ ဒီနှစ်တော်တော် ပျက်စီးတယ်။ တချို့ဆို ရိတ်လို့ကိုမရတော့လို့ ဒီအတိုင်းကို ထိုင်ကြည့်နေရတယ်။ နောက် သုံး လေးရက်လောက် ဆက်ရွာမယ်ဆိုရင်တော့ ပိုပြီး ပျက်စီးမှုတွေ ရှိလာနိုင်တယ်"လို့ ကညွတ်ကွင်းမြို့မှ တောင်သူဦးတိုးလွင်က ပြောပါတယ်။

ဖြူးမြို့နယ်အတွင်းမှာ အခုလမှာ နေ့စဉ်လို မိုးအဆက်မပြတ်ရွာသွန်းနေပြီး ဆောင်းသီးနှံ စိုက်ပျိုးဖို့အတွက် ထွန်ယက်ဖို့လည်း အခက်တွေ့နေပြီး မိုးဆက်လက်ရွာသွန်းမှာကိုလည်း စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ဒီဗွီဘီမှ ဖြူးမြို့နယ်မိုးဇလကို ဆက်သွယ်မေးမြန်းရာမှာ "မုန်တိုင်းကတော့ နောက်တလုံး ရှိသေးတယ်။ မြန်မာပြည်ကို ဝင်လာမဝင်လာတော့ သူ့ရဲ့ ဦးတည်ချက်ကိုကြည့်ပြီးမှ သိနိုင်မယ်လေ။ ဒီလထဲမှာတော့ မိုးရေချိန်ထူးရှားဖြစ်စဉ် ၃ လက်မကျော်အထိ ရွာခဲ့ပါတယ်" လို့ တာဝန်ရှိသူတဦးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အခုလမှာ အမြင့်ဆုံး မိုးရေချိန်အဖြစ် ၃ ဒသမ ၁၁ အထိ ရွာသွန်ခဲ့ဖူးပြီး အခုတပတ်အတွင်းမှာတင် ၀ ဒသမ ၅၅ လက်မအထိ အမြင့်ဆုံးရွာသွန်းခဲ့ပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013