DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၃ဝဝဝ ကျော်တန်ဖိုး စိတ်ကြွဆေးပြားများ မောင်တောတွင် သိမ်းဆည်းရမိ
DVB
·
October 22, 2017
ကျပ်သိန်း ၃ဝဝဝ ကျော်တန်ဖိုး စိတ်ကြွဆေးပြားများ မောင်တောတွင် သိမ်းဆည်းရမိ
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကျပ်ငွေသိန်း ၃ဝဝဝ ကျော်တန်ဖိုး စိတ်ကြွဆေးပြား တွေကို အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်လို့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

မောင်တောမြို့ မြို့မကညင်တန်းအုပ်စု ဆီတီလရွာအတွင်းမှာ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနဲ့ တာဝန်ရှိသူတွေဟာ နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့တာပါ။

ဖြစ်စဉ်မှာ ဆီတီလရွာလယ်အရောက် ပူးပေါင်းအဖွဲ့ရဲ့ ရှေ့မှအရှိန်ပြင်း စွာမောင်းနှင်လာတဲ့ သုံးဘီးဆိုင်ကယ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျသွားခဲ့ပါတယ်။ သုံးဘီးဆိုင်ကယ် မောင်းနှင်သူ (စုံစမ်းဆဲ)ဟာ သုံးဘီးဆိုင်ကယ် နောက်ခန်းမှာ တင်ဆောင်တဲ့ ဆာလာအိတ်ကို ထမ်းပြေးသွားတဲ့အတွက် လိုက်လံဖမ်းဆီးရာ လမ်းဘေးရေမြောင်းထဲသို့ ပစ်ချထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။

ပူးပေါင်းအဖွဲ့ဟာ သုံးဘီးဆိုင်ကယ်မောင်းနှင်သူ ပစ်ချခဲ့တဲ့ ဆာလာအိတ်ကို ဖွင့်ဖောက် စစ်ဆေးရှာဖွေရာ မီးသွေးတွေနဲ့ ရောနှောထည့်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၅၁ဝ၅ဝ (အလေးချိန် ၁၅၁ဝ၅ဂရမ်) ဆေးပြား တပြားကို ကာလတန်ဖိုး ငွေကျပ် ၂ဝဝဝ နှုန်းနဲ့ စုစုပေါင်းငွေကျပ် ၃ဝ၂,၁ဝဝ,ဝဝဝ ခန့်အား သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013