DVB Logo
Home
မြန်မာသတင်း
တရုတ်က စပါး ၀ယ်ယူမှုကြောင့် ဆန်စက် ၁ ထောင်ကျော် ရပ်နားထားရ
DVB
·
October 22, 2017
တရုတ်က စပါး ၀ယ်ယူမှုကြောင့် ဆန်စက် ၁ ထောင်ကျော် ရပ်နားထားရ
Donate to DVB

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စပါးတွေကို တရုတ်ကုန်သည်တွေက ဒေသပေါက်ဈေးထက် ဈေးပိုပေးပြီး တိုက်ရိုက်ဝယ်ယူမှုတွေ ရှိနေလို့ ဆန်စက် ၁၁၀၀ လောက်ဟာ ရပ်နားထားရတယ်လို့ သိရပါတယ်။

မိုးစပါးပေါ်ချိန် တရုတ်ကုန်သည်တွေက နွေစပါးကတည်းက မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မတ္တရာမြို့နယ် စဥ့်ကူးမြို့နယ် သပိတ်ကျင်းမြို့နယ် ကျောက်ဆည်မြို့နယ်တွေက ထွက်ရှိတဲ့ ဆန်စပါးတွေကို တရုတ်ကုန်သည် ကိုယ်စားလှယ်တွေက ဒေသပေါက်ဈေးအထက် ဈေးပိုပေးပြီး တိုက်ရိုက်ဝယ်ယူနေတာ ဖြစ်ပါတယ်။

ပြည်တွင်းဆန်စက်ပိုင်ရှင်တွေက သူတို့နဲ့ ဈေးကိုယှဉ်ပြိုင်ပြီး မဝယ်နိုင်တဲ့အတွက် မန္တလေးတိုင်းဒေသကြီးထဲက ဆန်စက် ၁၁၀၀ ကျော်ဟာ ၉၀ ရာခိုင်နှုန်းလောက် ရပ်နားထားရပြီး တွဲကားတွေနဲ့ မှောင်ခိုလမ်းကြောင်းကနေ နားလည်မှုနဲ့ တရုတ်ပြည်ဘက်ကို တရားမဝင် ပို့ဆောင်နေတာတွေရှိပြီး အဲဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်မှုတွေ ကြုံတွေ့ရမယ်လို့ မန္တလေးတိုင်း ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးငွေအောင်က ပြောပါတယ်။

သတင်းဓာတ်ပုံ-အောင်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013