DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ရန် လုပ်ငန်းရှင် အစုအဖွဲ့ ၉ ခု ဖွဲ့စည်း
DVB
·
October 22, 2017
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ရန် လုပ်ငန်းရှင် အစုအဖွဲ့ ၉ ခု ဖွဲ့စည်း
Donate to DVB

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးဆောင်ရွက်ဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက အစုအဖွဲ့ ၉ ခုကို အောက်တိုဘာ ၂၁ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။

လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) နဲ့ ပူးပေါင်းပါဝင်ဖို့အတွက် သက်ဆိုင်ရာ အသင်းအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ လုပ်ငန်းရှင်တွေ ဖွဲ့စည်းတာလို့  ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အရေးပေါ်နဲ့ အရေးကြီး လိုအပ်တဲ့ လုပ်ငန်းတွေကို သုံးသပ်ပြီး ဆောက်လုပ်ရေးနဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ စိုက်ပျိုးရေးနဲ့မွေးမြူရေး၊ စီးပွားရေးဇုန်တွေ ဖွံ့ဖြိုးရေး၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး၊  အလုပ်အကိုင်ဖန်တီးရေးနဲ့ အသက်မွေးဝမ်းကြောင်း သင်တန်းတွေ စီစဉ်ဖွင့်လှစ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အသေးစားငွေကြေးထောက်ပံ့မှု၊ ဘဏ္ဍာငွေ စုဆောင်းရေးနဲ့  ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြတာပါ။

လုပ်ငန်းအဖွဲ့တွေရဲ့ ကနဦးလုပ်ငန်းအနေနဲ့ အဖွဲ့ဝင်တွေ သတ်မှတ်တာ၊ လုပ်ငန်းတွေ စတ်မှတ်တာနဲ့ မူဝါဒတွေကို အမြန်စုစည်းပြီး လာမယ့် အောက်တိုဘာ ၂၅ ရက်မှာ ပြုလုပ်မယ့် UEHRD နဲ့ ပုဂ္ဂလိက ကဏ္ဍ အစည်းအဝေးမှာ တင်ပြအတည်ပြုမယ်လို့ ဆိုပါတယ်။

ပြီးတော့ လုပ်ငန်းလိုအပ်ချက်တွေကို ကနဦး လေ့လာဖို့ လုပ်ငန်းအဖွဲ့ဝင်တွေ၊ ကုန်သည်စက်မှု အသင်းချုပ်နဲ့ ညီနောင်အသင်းတွေက ကိုယ်စားလှယ်တွေဟာ အောက်တိုဘာ နောက်ဆုံးပတ်မှာ ရခိုင်ပြည်နယ်ကို သွားကြမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013