DVB Logo
Home
မြန်မာသတင်း
စစ်ကားတစီးပေါ်မှ တရားမ၀င် ကျွန်းသစ်နှင့် လက်နက်များ ဖမ်းမိ
DVB
·
October 21, 2017
စစ်ကားတစီးပေါ်မှ တရားမ၀င် ကျွန်းသစ်နှင့် လက်နက်များ ဖမ်းမိ
Donate to DVB

ဘုရားကြီးမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမမှာ အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းက တရားမဝင် ကျွန်းသစ်တွေနဲ့အတူ လက်နက်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဘုရားကြီး နယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်ဇာဝင်းက ပြောပါတယ်။

ဘောနက်ကြီးကျေးရွာကနေ ဝေါမြို့နယ်ဘက်ကို ကျွန်းသစ်တွေတင်ဆောင်လာတဲ့  Faw ၁၉၄၈ (ဗ) စစ်ကားတစ်စီးကို တားဆီးစစ်ဆေးရာက ယာဉ်မောင်း ချစ်မင်းသူ (တသအဆင့်) ကိုယ်ပိုင်အမှတ် - နတ/၁၁၁၁၇၀၊ အမှတ်(၁၀၁၄) နယ်ခြားစောင့်တပ်နဲ့အတူ အောင်ကျော်မိုး ဆိုသူပါလာပြီး ကားနောက်ခန်းမှာ တရားမဝင် ကျွန်းသစ် ၄ ဒသမ ၂၄၁၆ တန်၊ ကာဘိုင်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၇၉ တောင့်နဲ့ ကျည်ဘောက် ၃ ခုကို ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။

ဘုရားကြီးနယ်မြေရဲစခန်းက တရာမ၀င်ကျွန်းသစ်နဲ့ လက်နက်တွေ သယ်ဆောင်လာတဲ့ ယာဉ်မောင်း ချစ်မင်းသူနဲ့ အောင်ကျော်မိုးတို့ကို သစ်တော ဥပဒေပုဒ်မ-၄၃(က) နဲ့ အမှုဖွင့်ထားပြီး သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို အမှတ်(၅၉) ခြေလျှင်တပ်ရင်း (ဘောနက်ကြီး) ကို လွှဲပြောင်းအပ်နှံထားတယ်လို့ သိရပါတယ်။

အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013