DVB Logo
Home
မြန်မာသတင်း
ကားတင်သွင်းသည့် မူဝါဒ အပြောင်းအလဲကြောင့် ကားဈေးတက်
DVB
·
October 21, 2017
ကားတင်သွင်းသည့် မူဝါဒ အပြောင်းအလဲကြောင့် ကားဈေးတက်
Donate to DVB

ကားတင်သွင်းတဲ့ မူဝါဒ အပြောင်းအလဲကြောင့် လတ်တလောမှာ ဈေးတက်နေသလို အရောင်းအဝယ် ပိုဖြစ်နေတယ်လို့ ဝယ်ရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။
လာမယ့်နှစ်ကစပြီး ဘယ်မောင်းကားတွေပဲ တင်သွင်းရတော့မှာ ဖြစ်ပြီး ထုတ်လုပ်တဲ့ ခုနှစ်ကိုလည်း ပြောင်းလဲလိုက်တာပါ။
ကားဈေးတွေကတော့ အရင်ကထက် သိန်း ၂၀ ကနေ ၃၀ အထိ ပိုတက်လာတယ်လို့ ဝယ်ရောင်း လုပ်သူတွေက ပြောပါတယ်။
ကားဝယ်ရောင်းတယောက်ဖြစ်တဲ့ ကိုအေးကျော်က “ဈေးကတော့ အားလုံးတက်နေတယ်။ မနေ့ပဲ ရွှေငါး ၂၀၀၂ တစီးကို ၂၄၅ သိန်းနဲ့ ရောင်းလိုက်တယ်။ ကားကတော့ တော်တော်သန့်ပါတယ်။ ရှိုးရွမ်းမှာ ကားသစ်တစီး ဇီးရိုး ကီလို ဘယ်ကိုင်းကို သိန်း ၂၈၀ နဲ့ ဝယ်လို့ရတယ်။ ကားအားလုံး အရောင်းအဝယ်ကောင်းနေတာပါ” လို့ ပြောပါတယ်။
တကယ်လိုအပ်တဲ့သူမှ ဝယ်ကြတာလို့လည်း သူက ပြောပါတယ်။ ဝယ်ရောင်းတယောက်ဖြစ်တဲ့ ဦးသိန်းထွန်းကတော့ ဝယ်ရောင်းအချင်းချင်း အရောင်းအဝယ်ပိုဖြစ်ပြီး စီးတဲ့သူတွေက ရောင်းကြတယ်လို့ သုံးသပ်ပါတယ်။

“စီးတဲ့သူက ဈေးပိုရလို့ ရောင်းတယ်။ အရင်ကထက်စာရင် အရောင်းအဝယ် တဆလောက် ပိုလာတယ်။ စလစ်ဈေးကတော့ လွန်ခဲ့တဲ့ ၃ ပတ်လောက်က သိန်း ၁၁၀ လောက်ပဲ ရှိတယ်။ မနေ့က ၁၃၈ သိန်းနဲ့ ကျနော်ရောင်းလိုက်တယ်။ နာမည်ပေါက်ဆိုရင် ၁၄၀ လောက်ရှိတယ်” လို့ ပြောပါတယ်။
လာမယ့်နှစ်မှာ ညာမောင်းကားတွေ တင်သွင်းခွင့် မရတော့မှာမို့ ဝယ်ပြီး စုတဲ့ သူလည်း ရှိတယ်လို့ ဝယ်ရောင်းသမားတချို့က ပြောပါတယ်။
အစိုးရရဲ့ မူဝါဒ မပြောင်းဘူးဆိုရင်တော့ မကြာခင်မှာ စလစ်ဈေးတွေ ထပ်တက်ဦးမယ်လို့လည်း ဦးသိန်းထွန်းက ပြောပါတယ်။
လာမယ့်နှစ်မှာ လူစီးမော်တော်ယာဉ်တွေကို တဦးချင်းပါမစ်အနေနဲ့ ၂၀၁၆၊ ၁၇၊ ၁၈ မော်ဒယ်တွေ၊ စလစ်ကပ်ကား၊ ခရီးသည်းတင်ယာဉ်နဲ့ သာသနာရေးကားတွေကို ၂၀၁၄ မော်ဒယ်နဲ့ အထက် တင်သွင်းဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013