DVB Logo
Home
မြန်မာသတင်း
ကန်​ထရိုက်​​က လုပ်​အားခ မရှင်းပေး၍ အလုပ်​သမားများ အခက်ကြုံနေ
DVB
·
October 21, 2017
ကန်​ထရိုက်​​က လုပ်​အားခ မရှင်းပေး၍ အလုပ်​သမားများ အခက်ကြုံနေ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာမှာ ကန်ထရိုက်က လုပ်အားခ မရှင်းပေးတဲ့အတွက် အလုပ်သမားတွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနရန်ပုံငွေနဲ့ တည်ဆောက်နေတဲ့ အရေးပေါ်ခိုလှုံဖို့ ၁ ထပ်အဆောက်အဦ လုပ်ငန်းခွင်က အလုပ်သမား ၈ ဦးကို ကန်ထရိုက်က စာချုပ်ပါအတိုင်း လုပ်အားခ မရှင်းပေးဘူးလို့ အလုပ်သမား တာဝန်ခံ ဦးအေးသောင်းက ပြောပါတယ်။

“အခုဆို သူတို့မှာပါလာတဲ့ ရွှေတိုရွှေစလေးတွေလည်း ပေါင်နှံရောင်းစားနေရတဲ့အပြင် ပုလုံးတုံတုံးကျေးရွာက ရင်းနှီးတဲ့ အသိမိတ်ဆွေတွေကို အကျိုးအကြောင်းပြောပြီး ငွေကို ချေးယူသုံးစွဲနေရတယ်” လို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးရှိ ကျေးရွာနေ အမျိုးသားတဦးက ပြောပါတယ်။

ပန်းရံ အကြမ်းလုပ်သားတဦးက “အခု ကန်ထရိုက်ဆီမှာ ငွေကျပ်သိန်း ၆၀ လောက်ရှိတယ်။ အခက်အခဲဖြစ်တာတွေက အများကြီးပဲ။ အဓိကတော့ ကျနော်တို့ရဲ့ လုပ်အားခပေါ့။ ပြီးတော့ ကျနော်တို့က ပဲခူးတိုင်းက လာရောက်လုပ်ကိုင်သူဖြစ်တော့ လုပ်ငန်းခွင်သုံး ပစ္စည်းပြည့်စုံနေဖို့ လိုတာပေါ့။ အုတ်သဲ၊ ကျောက်၊ ဘိလပ်မြေ အပြည့်အစုံမရှိတော့ လုပ်ငန်းခွင်နေ့စဉ် မ၀င်နိုင်ဘူး။ အဲတော့ စားလိုက်သောက်လိုက်နဲ့ အိမ်ကပါလာတဲ့ ရွှေတိုရွှေစအပြင် အခုဆိုပိုက်ဆံကို ချေးငှားပြီးတောင် သုံးနေရတယ်” လို့ ပြောပါတယ်။

အဆောက်အဦးက ၅-၃-၂၀၁၇ က စတင်ဆောက်လုပ်ခဲ့တယ်လို့ သိရပြီး လုပ်အားခ ပုံမှန်မရလို့  ပြန်သွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013