DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် သတင်းရယူခွင့် ကန့်သတ်မှုများလာဟု သတင်းသမားများပြော
DVB
·
October 21, 2017
ရခိုင်တွင် သတင်းရယူခွင့် ကန့်သတ်မှုများလာဟု သတင်းသမားများပြော
Donate to DVB

ရခိုင်ပြည်မှာအခြေစိုက်တဲ့ သတင်းသမားတွေ သတင်းရယူခွင့် ကန့်သတ်မှုတွေများလာပြီး သတင်းရယူခွင့် ကျဉ်းမြောင်းလာတယ်လို့ ရခိုင်သတင်းသမားတွေက ဝေဖန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း သတင်းရယူမှုနဲ့ သတင်းထုတ်ပြန်ရေးအပိုင်းမှာလည်း များစွာအားနည်းချက်တွေရှိတယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ရခိုင်ပြည်နယ် တွဲဖက်အတွင်းရေးမှူး ဧကရာဇ်က ဒီဗွီဘီကိုပြောပါတယ်။

“လက်ရှိအစိုးရလက်ထက်နဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက် သတင်းရယူမှုနှိုင်းယှဉ်တော့ တော်တော်လေး ကျဉ်မြောင်းတာကို တွေ့ရတယ်။ ကျနော်တို့ အမြဲပြောပါတယ်၊ အစိုးရအဖွဲ့ယင်တွေနဲ့တွေ့တဲ့အခါ၊ ပြီးခဲ့အစိုးရတုန်းဆိုရင် သတင်းထုတ်ပြန်တာရှိတာပေါ့နော်။ သတင်းထုတ်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးလှသိန်း ဆိုတာ ရှိတယ်။ ၂၀၁၅ ခုနှစ်အလွှာမှာ ရေကြီးမှုတွေဖြစ်တယ်။ သူတို့ အချိန်နဲ့တပြေးညီထုတ်ပြန်တာရှိတယ်။ သူက အချိန်မရွေးဖုန်းဆက်ပြီးတော့ ပြောတယ်။ အချိန်မရွေးရုံးကိုလာခဲ့ပါ။ လူကိုယ်တိုင်း သွားတွေ့ရင် အချိန်ရသေလောက် ဖြေပေးတာတွေရှိတယ်။”

ရခိုင်ပြည်နယ်အတွင်းက မီဒီယာသမားတွေ မှတ်တမ်းမှတ်ပုံတင် တင်ပြီးမှ သတင်းရယူခွင့် ပေးသွားမယ်လို့ ရခိုင်ပြည်နယ် ပြည်နယ်ဆက်က အောက်တိုဘာက ၁၉ ရက်နေ့ သတင်းမီဒီယာသမားတွေနဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာပါ။

ပြည်နယ်သတင်ထုတ်ပြန်ရေးကော်မတီမှ အတွင်းရေးမှူး ဦးမောင်မောင်က “ဒီကိုခေါ်တာ ကျနော်တို့ အားလုံးကို မှတ်ပုံတင်ဖို့ပါ။ စစ်တွေမှာအခြေစိုက်တဲ့ မီဒီယာဘယ်နှခုလောက်ရှိသလဲ၊ ကျနော်တို့ဆီမှာ မှတ်တမ်းလေးထားရှိဖို့ပါ။ နီးစပ်ရာသတင်းတပ်ဖွဲ့တွေကို ကျနော်တို့ ပေးရမှာ ဖြစ်ပါတယ်။ သတင်းတပ်ဖွဲ့ကလည်း သတင်းအခမ်းအနားတွေရှိတဲ့အခါ မှတ်ပုံတင်ထားဟာတွေကို နယ်လုံကနေတဆင့် တင်ပြမှာပါ” လို့ ပြောပါတယ်။

သတင်းသမားတွေဘက်ကတော့ ကန့်သတ်တဲ့ တချို့အချက်တွေဟာ ကျဉ်းမြောင်းလွန်းတယ်လို့ သုံးသပ်ကြပါတယ်။

Developent Media Group ကတာဝန်ခံအယ်ဒီတာ ကိုမိုးဇော်မြင့်က “အစိုးရအဖွဲ့ရဲ့ သတင်းတွေယူတဲ့အခါ ဝတ်စုံပေါ့။ တိုက်ကပေးတဲ့ ယူနီဖောင်းနဲ့ ဝင်မယ်ဆိုတဲ့တချက်ပေါ့။ နောက်တခါက ကင်မရာနဲ့ပဲရိုက်ရမယ်၊ ဖုန်းနဲ့ မရိုက်ဘူးဆိုတဲ့တချက်ပေါ့။ နောက်တခါ သူတို့ရဲ့ အစည်းအဝေးခန်းမထဲ သတင်းယူတဲ့အခါ လူကြီးတွေရှေ့က၊ ဝန်ကြီးချုပ်တွေရှေ့က ဖြတ်သွားလာလာတာ မကြိုက်ဘူး။ မိန့်ခွန်းပြောတဲ့အခါ ဘယ်သူပဲမိန့်ခွန်းပြောပြော စင် ပေါ်တက်တာကို မကြိုက်ဘူးပေါ့၊ ဒီလေးချက်ကို သူတို့က မကြိုက်ဘူး။ သူတို့ ဘာကြောင့် မကြိုက်တာလည်း ဆိုတာ သူတို့မှာလည်း စည်းကမ်းရှိမှာပေါ့၊ ဒါပေမယ့် လက်ရှိမှာ သတင်းမီဒီယာဥပဒေရှိတယ်။ သူတို့ပြောတဲ့အချက်တွေနဲ့ သတင်းမီဒီယာ အချက်တွေမကိုက်ညီဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်ဖြစ်စဉ်သတင်းတွေနဲ့ပတ်သက်လို့လည်း တာဝန်ယူဖြေကြားမယ့်သူ မရှိတာကြောင့် သတင်းရယူတဲ့အပိုင်း များစွာအခက်အခဲဖြစ်တယ်လို့ ရခိုင်ပြည်နယ်အခြေစိုက်၊ MCN TV News က သတင်းထောက် ဦးကျော်စိန်းသန်းက ဒီဗွီဘီကိုပြောပါတယ်။

“လက်ရှိမြေပြင်မှာ ဖြစ်နေတဲ့အကြောင်းအရာတွေကို ကျနော်တို့ သတင်းထောက်တွေက သိထားပြီး ဒါတွေကို အတည်ပြုပေးပါ။ ကျနော်တို့ ဒါတွေကို သတင်းလုပ်ချင်လို့ဆိုပြီး သွားမေးတဲ့အခါမှာ တာဝန်ယူပြီး ဖြေကြားမယ့်သူမရှိဘူး။ အစိုးရက သတင်းထုတ်ပြန်ဖို့ ကော်မတီတွေ ဖွဲ့စည်ထားရှိပေမယ့် သူတို့က တာဝန်ယူပြီး မဖြေကြားတာတွေ အများကြီးကြုံခဲ့ရတာရှိပါတယ်။ ကျနော်တို့ဘက်က အခက်အခဲရှိတာပေါ့။”

ရခိုင်ပြည်နယ်စစ်တွေအခြေစိုက် Eleven Media Group အကြီးတန်းသတင်းထောက် ကိုသန်းလှိုင်းကတော့ အခုလိုကန့်သတ်ချက်ဟာ အဓမ္မခိုင်းစေတဲ့ပုံမျိုး မဖြစ်စေလိုသလို နှစ်ဖက်ပူးပေါင်းဆောင်ရွက်တာဟာ အသင့်တော်ဆုံးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက ပြည်နယ်အစိုးရရုံးမှာ သတင်းသွားယူနေအချိန် သတင်းယူခွင့်ကို တားမြစ်တာ၊ မောင်းထုတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ပြည်နယ်အစိုးရဲ့ လုပ်ဆောင်ချက်အပေါ် ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013