DVB Logo
Home
မြန်မာသတင်း
ကမ်းပြိုကျမှုတွင် ပါဝင်သည့် ကျေးရွာများအား ကူညီထောက်ပံ့
DVB
·
October 21, 2017
ကမ်းပြိုကျမှုတွင် ပါဝင်သည့် ကျေးရွာများအား ကူညီထောက်ပံ့
Donate to DVB

တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ရှိ ကမ်းပါးပြိုကျမှုထဲပါသွားတဲ့ အိမ်ထောင်စု ၁၈ စုနဲ့ လူဦးရေ ၇၃ ဦးတို့ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ကူညီထောက်ပံ့မှုတွေ ပေးအပ်ခဲ့ပါတယ်။

အောက်တိုဘာ ၁၇ ရက် ည ၁၂ နာရီက ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျခဲ့တဲ့ မိသားစုဝင်တွေကို ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ထောက်ပံ့ရေးပစ္စည်းတွေနဲ့ အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့တာပါ။

ကမ်းပြိုမိသားစုဝင်တွေ နေထိုင်ဖို့အတွက် မြေနေရာရှာဖွေမှုတွေ ပြုလုပ်ခဲ့ကြောင်း၊ လယ်မြေ ၁ ဧကကို သိန်း ၈၀ နဲ့ ၁၀ ဧကကို အိမ်ဆောက်ဖို့ အပြီးအစီး မြို့နယ်ကတွက်ချက်ပြီး တင်ပြလာရင် လုပ်ပေးသွားပါမယ်လို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောပါတယ်။

“ဒီနေ့ကအေးရွာကျေးရွာက အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၅၉ ဦး၊ ကြွေပန်းကန်ချောင်းကျေးရွာက အိမ်ထောင်စု ၃ စုလူဦးရေ ၁၄ ဦးအတွက် အိမ်ဆောက်ပစ္စည်းနဲ့ ဆန်ဖိုးငွေကျပ် ၁၉ သိန်းကျော် လှူခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လစပြီး ကမ်းပြိုမူဖြစ်တဲ့ အေးရွာကျေးရွာ၊ ရေပေါ်သောင်ကျေးရွာ၊ မဲသောင်ကျေးရွာ၊ ကြွေပန်းကန်ချောင်းကျေးရွာ၊ ပန်းတုန်းပိတ်ကျေးရွာတွေက ကမ်းပြိုမိသားစု ၁၃၀ ရှိသွားပြီ၊ အဲဒီအိမ်ထောင်စုတွေအတွက် လယ်မြေဝယ်ယူအကွက်ချ ပြန်လည်နေရာချထားနိုင်ဖို့အတွက် ခရိုင်အုပ်ချူပ်ရေးမှူး၊ မြို့နယ်အုပ်ချူပ်ရေးမှူး၊ မြို့အုပ်ချူပ်ရေးမှူးတို့နဲ့ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့ကို တင်ပြနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်” လို့ ပြောပါတယ်။

“ကမ်းပါးက ခုချိန်မှာ နည်းနည်းပဲ ပြိုတော့ပါတယ်။ ဒါပေမယ့် ကျနော်တို့ရွာသားတွေက လန့်နေရပါတယ်။ ဘယ်အချိန် ကမ်းပြိုမလဲဆိုတာကို စိုးရိမ်ပြီးစောင့်ကြည့်နေရပါတယ်။ နေရတာကတော့ လမ်းဘေးနဲ့ သူများခြံတွေထဲက ရတဲ့နေရာလေးမှာ ကပ်နေရပါတယ်။ လူကယ်ပြန်ကတော့ လာလှူပါတယ်။ ကျနော်တို့အဓိက လိုနေတာက နေစရာပါ။ အခုနေစရာပေးဖို့ စီစဉ်နေတယ်ဆိုတော့ ဝမ်းသာရပါတယ်” လို့ ကမ်းပြိုမိသားစုဝင်တဦးက ပြောပါတယ်။

၂၀၁၇ ခုနှစ် ဇူလိုင်လကစပြီး ဧရာဝတီမြစ်ရေတိုက်စားလို့ မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျခဲ့ပြီး အောက်တိုဘာ ၁၇ ရက် ညအချိန်ကမ်းပါးပြိုကျလို့ နေအိမ်ခြောက်လုံးရေထဲ မျောပါသွားခဲ့ကာ ခုချိန်မှာ  အိမ်ထောင်စု ၁၀၀ ကျော်  နေစရာ အခက်အခဲ ဖြစ်နေပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013