DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်ကလေးငယ်များ အစားအစာ လုံလောက်အောင်မရဟုဆို
DVB
·
October 21, 2017
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်ကလေးငယ်များ အစားအစာ လုံလောက်အောင်မရဟုဆို
Donate to DVB

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာကလေးငယ် ၃ သိန်း ၄ သောင်းနီးပါးဟာ အစားအစာ၊ သောက်ရေသန့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုံလုံလောက်လောက် မရကြတဲ့ အခြေအနေတွေမှာ နေထိုင်နေကြရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ ယူနီဆက်ဖ်က အောက်တိုဘာ ၁၉ ရက်နေ့မှာ ပြောပါတယ်။

သူတို့မြင်တွေ့ခဲ့ရတဲ့ ကြောက်စရာ ဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာ ခံစားနေရဆဲဖြစ်တဲ့ အပတ်စဉ်တိုင်း ကလေးငယ် ၁ သောင်း ၂ ထောင်ကျော်ဟာ ရောက်လာကြတယ်လို့ ယူနီဆက်ဖ်ရဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်ပိုင်းမှာ ဒုက္ခသည် ၆ သိန်းလောက် ထွက်ခွာလာခဲ့တာဖြစ်ပြီး၊ ကလေးအရေအတွက်က တဝက်ကျော်လောက်ရှိတယ်လို့ ဒီအစီရင်ခံစာကို ရေးသားသူ ယူနီဆက်ဖ်အရာရှိ ဆိုင်မွန် အင်ဂရမ်က ဂျီနီဗာမှာပြုလုပ်တဲ့ သတင်းရှင်းလင်းပွဲမှာ ပြောပါတယ်။

အသက် ၅ နှစ်အောက် ဒုက္ခသည်ကလေးငယ် ၅ ယောက်မှာ ၁ ယောက်က အာဟာရမပြည့်ဝ၊ ဆေးဝါးစောင့်ရှောက်မှု လိုအပ်နေတယ်လို့ ခန့်မှန်းရတယ်လို့လည်း ဆိုင်မန် အက်ဂရမ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013