DVB Logo
Home
မြန်မာသတင်း
မိန်းကလေးငယ်များအား ပန်းဦးလွှတ်နေသူကို အရေးယူမည်ဟု သာသနာရေးဝန်ကြီးပြော
DVB
·
October 20, 2017
မိန်းကလေးငယ်များအား ပန်းဦးလွှတ်နေသူကို အရေးယူမည်ဟု သာသနာရေးဝန်ကြီးပြော
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ် အလံတရာနယ်မြေမှာ ဘာသာရေးအကြောင်းပြကာ မိန်းကလေးငယ်တွေအား အမျိုးသားတဦးက ပန်းဦးလွှတ်နေတာကို အမြန်ဆုံး စစ်ဆေး အရေးယူသွားမယ်လို့ သူရဦးအောင်ကိုက ပြောလိုက်ပါတယ်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မနေ့က အမျိုးသားလွှတ်တော်အပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“ဒီကိစ္စက ဒီခေတ်မှာ မရှိသင့်တော့ဘူး။ ဖြစ်လည်းမဖြစ်သင့်တော့ဘူး။ မကြားဝံ့မနာသာဘဲ။ ကျနော်တို့ အဲဒါကို အခုမှသိတာပါ။ ဘုရားပြင်မယ့်ကိစ္စမှာ ပြင်မယ့်အဖွဲ့ရယ် မပြင်မယ့်အဖွဲ့ရယ် ကွဲလွဲနေတယ်။ ကွဲလွဲနေတာကို လာပြီးတော့ ဖြေရှင်းပေးပါဆိုပြီး စာတက်လာတယ်။ အဲဒီကိစ္စပဲ သိထားပါတယ်။ ဒါကို ချက်ချင်းကွင်းဆင်းပြီးတော့မှ ဖော်ထုတ်အရေးယူပြီး မွန်ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ နေရာ၊ အသုံးအဆောင်တွေကို မှန်အောင်ပြောနိုင်တယ်ဆိုပြီး ပအိုဝ်းရွာသားတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး အခုလို ချိုးဖောက်နေတာလို့ ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသွားခဲ့ပါတယ်။ နှစ်ပေါင်းအစိတ်လောက် ရှိပြီထင်ပါတယ်။ နောက်ဆယ်နှစ်လောက် ကြာတဲ့အခါမှာ အလံတရာဆရာတော်ဘုရား ဝင်စားတယ်ဆိုတဲ့ ကိုရင်လေးတပါး သထုံ အလံတရာဒေသကို ရောက်လာခဲ့တယ်လို့ သတင်းကြားရပါတယ်။ အဲဒီကိုရင်လေးက ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ နေရာတွေ၊ အသုံးအဆောင်ပစ္စည်းတွေကအစ အကုန် မှန်အောင် ပြန်ပြောပြနိုင်တယ် ဆိုပြီးတော့ အဲဒီပအိုဝ်းရွာသားတွေက ဆရာတော်ကြီး ဝင်စားတယ်ဆိုပြီး အများစုက အကြွင်းမဲ့ ယုံကြည်ကြပါတယ်။”

ပအိုဝ်းတိုင်းရင်းသားတွေဟာ အသက်လွတ် အသီးအနှံပဲစားပြီး အဲဒီယုံကြည်မှုကို လူမှုရေးအရ ချိုးဖောက်အမြတ်ယူတာ ဖြစ်တယ်လို့ ခန့်မှန်းသုံးသပ်ကြောင်းနဲ့ ဒါကို အမြန်ဆုံး အမှုဖွင့် ဆောင်ရွက်မှာဖြစ်ကြောင်း သူရဦးအောင်ကိုက ပြောကြားခဲ့ပါတယ်။

ပန်းဦးလွှတ်သူဟာ အသက် ၂၅ နှစ်အရွယ်ရှိ ခွန်တန် (ခေါ်) ဇာတ်လိုက်ဆိုသူဖြစ်ပြီး ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်ဒေသခံဖြစ်ကြောင်းနဲ့ ဘုန်းကြီးတလှည့်၊ လူတလည့် ဖြစ်နေတာလို့  သထုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောပါတယ်။

“အဲဒီ အသက် ၂၅ နှစ်အရွယ် ခွန်တန် (ခေါ်) ဇာတ်လိုက်ဆိုတဲ့သူက တခါတလေလည်း ဘုန်းကြီးဖြစ်တယ်၊ တခါတလေလည်း လူဖြစ်တယ်။ ဖြစ်စဉ်ကတော့ သူက ဒီဘက်ကို ရောက်လာတယ်။ အဲဒီမှာလည်း သူက တချို့ကိစ္စလေးတွေကို ပြောနိုင်တာရှိတယ်။ ဒါပေမယ့် ကျမအမြင်ကတော့ ပအိုဝ်းတိုင်းရင်းသားတွေဟာ များသောအားဖြင့် ရိုးသားကြတာများတယ်။ သူတို့ရဲ့ရင်ထဲမှာ အလံတရာ ဆရာတော်ဘုရားကြီးကို ကြည်ညိုတဲ့အစွဲက တော်တော်ကြီးကိုရှိတယ်။ ဒီသူတော်ကောင်းကြီး ဝင်စားတယ်ဆိုတော့ သူပြောသမျှကို အလံတရာ ဆရာတော်ဘုရားကြီးက ပြောတယ်လို့ပဲ မှတ်ပြီးတော့ ကိုးကွယ်နေကြတာ။ အဓိက ဇာစ်မြစ်ကတော့ အဲဒါပဲ။ တကယ်လို့သာ ဆရာတော်ဘုရားကြီး ဝင်စားတယ်ဆိုရင် ဆရာတော်ဘုရားကြီးက သူတော်ကောင်းဖြစ်တဲ့အတွက် ဒီလိုကိစ္စတွေကို ကျူးလွန်မှာ မဟုတ်ပါဘူး။ အမှားအမှန် ခွဲခြားနိုင်စွမ်းမရှိတော့ အဲဒီလိုမျိုးတွေ ဖြစ်ကုန်တာပေါ့နော်။”

ခွန်တန် (ခေါ်) ဇာတ်လိုက်ဟာ အရင်က သံဃာတပါးရဲ့ခေါင်းပေါ်မှာ ခြေထောက်တင်ပြီး ဓာတ်ပုံအရိုက်ခံတာတွေ ရှိတဲ့အတွက် မြို့နယ်သံဃာ့နာယကအဖွဲ့ကနေပြီး ဝန်ချတောင်းပန်ခိုင်းဖူးပါတယ်။

သူ့ရဲ့နောက်မှာ လက်နက်ကိုင်အဖွဲ့တခုရှိနေပြီး ပန်းဦးလွှတ်တာနဲ့ပတ်သက်လို့ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က လိုက်ပါဆောင်ရွက်မှုတွေရှိရာမှာ ဒေါ်စံဝင့်ခိုင်ကို ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့လည်း သထုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့လည်း ပန်းဦးလွှတ်ခံရတဲ့ မိန်းကလေးငယ်တွေဘက်က တိုင်ကြားမှုတွေ မရှိတဲ့အတွက်လည်း အရေးယူဆောင်ရွက်ဖို့ ခက်နေကြောင်း ပြောပါတယ်။

ပန်းဦးလွှတ်ခံရသူတွေထဲမှာ အသက် ၁၄ နှစ်အရွယ်တွေ ပါဝင်နေပြီး မိဘတွေက ပန်းဦးလွှတ်ခံရပါက သူတို့ရဲ့သမီးကို သိဒ္ဓိတင်တာလို့ ယုံကြည်မှုတွေရှိတဲ့အတွက် သဘောတူနေတာလို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013