DVB Logo
Home
မြန်မာသတင်း
ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မီးလောင်မှုကြောင့် ၂ ဦးသေဆုံး
DVB
·
October 20, 2017
ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မီးလောင်မှုကြောင့် ၂ ဦးသေဆုံး
Donate to DVB

ရန်ကုန်မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးစောင်းရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုကြောင့် သေဆုံးသူ ၂ ဦး ရှိပြီလို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

 ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဥယျာဉ်ရပ်ကွက်၊ ကန်ရိပ်သာလမ်း၊ ဦးတေဇ (ထူးကုမ္ပဏီ) ပိုင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ အောက်တိုဘာ ၁၉ ရက်နေ့မနက်က မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုကြောင့် ဟိုတယ်အဆောင် (ဘီ) ၄ လွှာမှာ တည်းခိုနေထိုင်သူ ဂျပန်အမျိုးသား ၁ ဦးနဲ့ အဆောင် (အေ) ခေါင်မိုးထပ်မှာ ၁ ဦး (ကျား/မ ခွဲခြားနိုင်ခြင်းမရှိ)၊ စုစုပေါင်း (၂)ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဟိုတယ်ခေါင်မိုးပေါ်ကနေ ခုန်ချလို့  ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တဲ့ တရုတ်နိုင်ငံသူ ၁ ဦးကတော့ သက်သာသွားလို့ ဆေးရုံကနေ ဆင်းသွားပြီဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

မီးလောင်မှုကို သွားရောက်မီးငြှိမ်းခဲ့တဲ့ ရွှေပြည်သာ မီးသတ်တပ်ဖွဲ့ သန္ဓေတပ်ဖွဲ့ဝင် ဦးစီးအရာရှိ ဦးကျော်စွာလင်းကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး (ဦးနှောက်နှင့် အာရုံ ကြော) အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုပေးနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013