DVB Logo
Home
မြန်မာသတင်း
မီးရထားပေါ်မှ လူတဦးပြုတ်​ကျ သေဆုံး
DVB
·
October 19, 2017
မီးရထားပေါ်မှ လူတဦးပြုတ်​ကျ သေဆုံး
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ တလုပ်ပင်ကျေးရွာအုပ်စု၊ ကံကြီးကျေးရွာအနီးမှာ အောက်တိုဘာ ၁၈ ရက်က မီးရထားပေါ်က လူတဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ မြို့သစ်မြို့မ ရဲစခန်း တာဝန်မှူး ဒုရဲအုပ် ဝင်းကျော်က ပြောပါတယ်။

ဖြစ်စဉ်မှာ နေပြည်တော်ကနေ ချောက်ကို မောင်းနှင်လာတဲ့ မီးရထား စက်ခေါင်းအမှတ် DF-1239 စက်ခေါင်းမောင်း စက်ဗိုလ် ထွန်းထွန်းဝင်း မောင်းနှင်လာတဲ့ စာပို့ရထားဟာ မြို့သစ်ဘူတာက ထွက်လာခဲ့ မိုင်တိုင်အမှတ် (၃၁၀)-(၁၀/၁၁) ကြားအရောက်မှာ ဦးတင်မောင်ဦးဟာ မီးရထားစက်ခေါင်းတွဲကနေ အထူးတန်းခရီးသည်တင်တွဲပေါ်ကို ဖြတ်ကူးစဉ် ခြေချော်ကာပြုတ်ကျခဲ့ပြီး ရရှိတဲ့ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တာပါ။

မြို့သစ်ရဲစခန်းက ဒုရဲအုပ်ဝင်းကျော်နဲ့အတူ တလုပ်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်သက်၊ ဆယ်အိမ်မှူး ဦးခင်မောင်ရွှေတို့နဲ့ သတင်းအရ သွားရောက်စစ်ဆေးပြီး အခင်းဖြစ်ရထားပေါ်ပါ မီးရထားရဲတပ်ဖွဲ့က သန်းထိုက် ပါ (၂) ဦးတို့နဲ့အတူ သေဆုံးသူ ဦးတင်မောင်ဦးရဲ့ အလောင်းကို မြို့သစ်ပြည်သူဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့သစ်မြို့မရဲစခန်းက ဦးတင်မောင်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဖို့ သေမှုသေခင်းအမှတ်စဉ် (၁၀/၂၀၁၇) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သားကြီး (တောင်တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013