DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 19, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၄၅၈,၀၀၀ ပေါက်ဈေးရှိပြီး ၁ တန်ကို ၃,၀၀၀  ကျပ် ဈေးတက်သွားပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၃၃၀,၀၀၀ ပေါက်ဈေးရှိပြီး ၁ တန်ကို ၁၀,၀၀၀ ကျပ် ဈေးတက်သွားပါတယ်။

ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂,၈၀၀ ကျပ်ကနေ ငွေကျပ် ၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်သွားပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီ(ဆိပ်ဖြူ)ကတော့ ဒီနေ့မှာ  ၁ ပိဿာကို ၁,၉၂၅ ကျပ်ကနေ ငွေကျပ် ၂,၄၂၅ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်သွားပါတယ်။

အာလူး
အာလူး(အောင်ပန်း)ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၄၀၀ ကျပ်ကနေ ငွေကျပ် ၆၅၀ ဈေးရှိပြီး ၁ ပိဿာကို ၁၅၀ ကျပ် ဈေးတက်သွားပါတယ်။

ရွှေဘိုပေါ်ဆန်း
ဝါးတန်း ကုန်စည်ဒိုင်မှာတော့ ရွှေဘိုပေါ်ဆန်းက ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကစပြီး ၁ အိတ်ကို ၄၈,၅၀၀ ကျပ်ကနေ ငွေကျပ် ၅၀,၀၀၀ အထိ ဈေးရှိခဲ့ပြီး ပြီးခဲ့တဲ့ ၁၆ ရက်နေ့မှာတော့ ၁,၀၀၀ ကျပ် ဈေးတက်ခဲ့ပါတယ်။

ဖျာပုံပေါ်ဆန်း
ဖျာပုံပေါ်ဆန်းကတော့ ပြီးခဲ့တဲ့ ၁၄ ရက်နေ့ ၁ အိတ်ကို ၃၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၆,၅၀၀ ပေါက်ဈေးရှိခဲ့ပြီး ပြီးခဲ့တဲ့ ၁၇ ရက်နေ့မှာတော့ ၁ အိတ်ကို ၂,၀၀၀ ကျပ်ကျော် ဈေးတက်ခဲ့ပါတယ်။

ပေါ်ဆန်း နယ်စုံသစ်
ပေါ်ဆန်း နယ်စုံသစ်က ပြီးခဲ့တဲ့ ၁၄ ရက်နေ့က ၁ အိတ်ကို ၃၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၅,၀၀၀ ဈေးရှိခဲ့ပြီး ပြီးခဲ့တဲ့ ၁၇ ရက်နေ့မှာတော့ ၁ အိတ်ကို ၂,၀၀၀ ကျပ်ကျော် ဈေးတက်ခဲ့ါတယ်။

ဒီတပတ်ထဲမှာ ဆန်ဈေးနှုန်းတွေဟာ သိသိသာသာ ဈေးတက်လာတာကို တွေ့ရပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013