DVB Logo
Home
မြန်မာသတင်း
လက်နက်ထည့်ထားတဲ့အိတ်ကို သတ္တိရှိရှိ X-ray အဖြတ်ခံတာက စဉ်းစားစရာ အများကြီးဖြစ်ပါတယ် - သူရဦးအောင်ကို
DVB
·
October 19, 2017
လက်နက်ထည့်ထားတဲ့အိတ်ကို သတ္တိရှိရှိ X-ray အဖြတ်ခံတာက စဉ်းစားစရာ အများကြီးဖြစ်ပါတယ် - သူရဦးအောင်ကို
Donate to DVB

 

လုံခြုံရေးစစ်ဆေးမှု အပြည့်အ၀ လုပ်ဆောင်နေတဲ့ လေဆိပ်မှာ လက်နက်ထည့်ထားတဲ့ အိတ်ကို ရဲရဲဝံ့ဝံ့ အစစ်ခံတဲ့ကိစ္စဟာ အတော်စဉ်းစားစရာကိစ္စဖြစ်နေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်လေဆိပ်မှာ ပြီးခဲ့တဲ့ ၁၅ ရက်နေ့ ညက အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့သားဖြစ်သူ ACE ကုမ္ပဏီဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းအပါနှစ်ဦးဟာ လက်နက်သယ်ဆောင်လာမှုနဲ့ ဖမ်းဆီးခံခဲ့ရပါ တယ်။

အထူးပုဂ္ဂိုလ်မရှိ၊ လုံခြုံရေးစစ်ဆေးမှု အပြည့်လုပ်ဆောင်တဲ့ လေဆိပ်လိုနေရာမျိုးမှာ ဦးဖြိုးကိုကိုတင့်ဆန်းတို့ အနေနဲ့ လက်နှက်သယ်ဆောင်လာပြီး ရဲရဲဝံ့ဝံ့ အစစ်ဆေးခံခဲ့တဲ့ ဖြစ်စဉ်ဟာ သိမ်မွေးပြီး အတော်စဉ်းစားစရာပြီး သိမ်မွေ့နက်နဲ့တဲ့ ကိစ္စဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

အောက်တိုဘ ၁၉ ရက်နေ့ ပြည်သူ့လွှတ်တော်အပြီး သတင်းမီဒီယာတွေ့ဆုံစဉ်မှာ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုအနေနဲ့ အခုလို မှတ်ချက်ပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဒီကိစ္စက နည်းနည်းလေးတော့ သိမ်မွေ့ပါတယ်။ လေဆိပ်က သွားတိုင်း ကျနော်တို့လည်း ဒီလိုပဲ  X-ray ကို ဖြတ်ရပါတယ်။ လူတိုင်းဖြတ်ရပါတယ်။ ဘယ်လေဆိပ်မဆို။ နိုင်ငံခြားမှာလည်းဖြတ်ရပါတယ်။ VIP ဆိုပြီး မရှိပါဘူး။ အခုလည်း အဲအတိုင်းဖြတ်တဲ့အခါကြမှ လက်နက်သွားတွေ့တယ်။ လက်နက်ထည့်ထားတဲ့ ဒီကေ့ကို သတ္တိရှိရှိရဲရဲနဲ့ ဖြတ်သွားတာ။ အဖြတ်ခံတာကိုက စဉ်းစားစရာအများကြီးဖြစ်ပါတယ်။ ဒါအခုနေ ပြောလိုက်ရင် စကားတွေကျွန်သွားနိုင်ပါတယ်။ နောက်ဆက်တွဲလေးတွေစောင့်ကြည့်ပြီးမှ ပြောပါရစေလို့။”

ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းအပါနှစ်ဦးကို လက်နှက်သယ်ဆောင်မှုနဲ့ ဖမ်းဆီးမိချိန်နဲ့ NCA နှစ်နှစ်ပြည့်ပွဲ ကျင်းပချိန်နဲ့ တိုက်ဆိုင်နေတဲ့အပြင် ဦးဖြိုးကိုကိုတင့်ဆန်းပိုင် ဟိုတယ်နဲ့ ကုမ္ပဏီတို့ကနေ လက်နက်တွေ ထက်မံရှာဖွေတွေ့ရှိခဲ့တာတွေကြောင့် ပြည်သူအချိုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအပေါ် အထူးစိုးရိမ်နေကြ ပါတယ်။

သူရဦးအောင်ကိုက “အတိုင်ပင်ခံကြီးရဲ့ လုံခြုံရေးကို လွန်စွာစိုးရိမ်ပါတယ်။ တဖက်ကလည်း အလွန်အကျွံ မစိုးရိမ်ဘူး။ လွှတ်တော်မှာ အတူတူထိုင်လိုက်တဲ့အခါမှာ သိလိုက်တာက အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးက သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်နဲ့ အင်မတန်ပြည့်စုံပါတယ်။ အဲဂုဏ်တွေကြောင့် တော်တန်ရုံသူကို အန္တရာယ်မပြုနိုင်ဘူးလို့ ယုံကြည်လို့ အလွန်ကျွံတော့ မစိုးရိမ်ပါဘူး။ သို့သော်လည်း နိုင်ငံအတွက် တန်ဖိုးဖြတ်လို့မရတဲ့ ရတနာဖြစ်လို့ စိုးရိမ်မိပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အထင်ကရ မြို့တော်တွေဖြစ်တဲ့ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့မှာ ရှာဖွေဖမ်းဆီးမိတဲ့ တရားမဝင်လက်နှက်တွေဖမ်းမိမှုနဲ့ပတ်သက်ပြီး တပ်မတော်ရေ ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိမ်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးရယူနိုင်မှုအပိုင်းဟာ စိုးရိမ်ဖွယ်အခြေအနေမှာရှိနေပြီး အစိုးရအနေနဲ့ လုံခြုံရေးစနစ်ကို ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013