DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် ဘုရားပွဲသွားယာဉ်တိမ်းမှောက်၊ ၁ ဦးသေ ၂၂ ဦး ဒဏ်ရာရ
DVB
·
October 19, 2017
လားရှိုးတွင် ဘုရားပွဲသွားယာဉ်တိမ်းမှောက်၊ ၁ ဦးသေ ၂၂ ဦး ဒဏ်ရာရ
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်ထဲမှာ ယမန်နေ့ညက ဘုရားပွဲသွားပြီး ပြန်လာတဲ့ ယာဉ်မတော်တဆတိမ်းမှောက်ခဲ့ရပြီး ၁ ဦးသေဆုံး၊ ၂၂  ဦး ဒဏ်ရာရသွားပါတယ်။

လားရှိုးအနောက်ဘက် ဆယ်မိုင်ခန့်အကွာရှိ အီနိုင်းရွာမှာနေတဲ့ ရွာသားတွေဟာ ရွာနဲ့ သိပ်မဝေးတဲ့ ကောင်းကြဲအီရွာက ၀ါကျွတ်ကန်တော့ပွဲသွားကြရာမှာ အပြန် မနေ့ည ၁၁ နာရီလောက်က လမ်းမှာကားမှောက်မှုကြုံခဲ့ရတာလို့ ဒဏ်ရာရသူတွေကို လားရှိုးဆေးရုံမှာ သွားရောက် ကြည့်ရှုကူညီခဲ့သူ လားရှိုးကျားခေါင်းပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့မနက် တစ်နာရီကျော်လောက်က ရွာသားတွေက ကျနော့်ဆီဖုန်းဆက်လာတယ် ခင်ဗျ။ ကားမှောက်ပြီး သေဆုံးဒဏ်ရာရလို့ ဆေးရုံရောက်နေကြတယ်ပေါ့။  ဒါနဲ့ ကျနော်လည်း ချက်ချင်းလိုက်သွားပါတယ်။ ဟိုရောက်တော့ ဒဏ်ရာရတဲ့လူပေါင်း ၂၂ ယောက်တွေ့တယ်။ အများစုက မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရတယ်။ အဲဒီထဲမှာ ၃ ယောက်က ဒဏ်ရာပြင်းထန် တယ်။ အကုန်လုံး အမျိုးသားချည်းဘဲ၊ အသက် ၁၂-၁၃ နှစ်ရွယ် လူငယ်တွေလည်းပါတယ်။ အခင်းဖြစ်တဲ့နေရာမှာ စိုင်းကြီး ဆိုတဲ့သူကတော့ အသက် ၃၀ ကျော်ပေါ့၊ သူက ပွဲချင်းပြီး သေသွားတယ်။ ကားမောင်းသမားက ဒဏ်ရာနည်းနည်းပဲရတယ်။ သူ့ကိုတော့ ယာဉ်ထိန်းရဲတွေက ရဲစခန်းခေါ်သွားပြီ။”

ရွာသားတွေစီးလာတဲ့ကားဟာ ခရီးသည်တင်တဲ့ကားမဟုတ်ဘဲ ကျောက်ခဲတွေ၊ သဲတွေ တင်ဖို့ ထော်လဂျီယာဉ်နဲ့ တွဲထားတဲ့ကားသာဖြစ်ကြောင်း၊ ကားက သိပ်မကောင်းမှန်းသိပေမယ့် ရွာနဲ့ သိပ်မဝေးတာကြောင့် ခဏပဲဆိုပြီး စီးနင်းလိုက်ပါလာကြကြောင်း၊ တောလမ်းခရီးမှာ ဘာမှ မဖြစ်ပေမယ့် လားရှိုးမြို့ရှောင်လမ်းမကြီးပေါ်ရောက်တော့ စက်ချို့ယွင်းပြီး တိမ်းမှောက်သွား တာလို့ ကားပေါ်လိုက်လာသူတွေကပြောကြောင်း စိုင်းဝမ်းလှိုင်းခမ်းက ဒီဗွီဘီကို ပြောသွားပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013