ဆီဆိုင်မြို့နယ်တွင် စိတ်ကြွဆေးပြားများ ဖမ်းမိ

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကန်းတန်ရပ်ကွက်မှာ အောက်တိုဘာ ၁၈ ရက်နေ့က တောင်ကြီးကနေဆီဆိုင်ကို မောင်းနင်လာတဲ့ဆိုင်ကယ်ပေါ်မှာ စိတ်ကြွမူးယစ်ဆေးပြား ၇၈၀၀ ပြား ဖမ်းဆီးရမိပါတယ်။
ဖြစ်စဉ်မှာ ဆိုက်ခေါင် ရဲအုပ် အောင်အောင်မင်းနဲ့အဖွဲ့က တောင်ကြီး ဆီဆိုင် လမ်းမပေါ်ယဉ်ပိတ်ဆို့မှု ဖြေရှင်းနေတဲ့အချိန် တောင်ကြီးကလာတဲ့ ကိုမောင်ထူး စီးလာတဲ့ ဆိုင်ကယ်ပေါ်က စိတ်ကြွ ရူးသွပ်ဆေးပြား ၇၈၀၀ ဖမ်းဆီး ရမိပါတယ်။
“ဖမ်းလည်းဖမ်းနေတာပဲ၊ အဲဒါကို ထွက်ထွက်လာနေတယ်၊ ဆီဆိုင်မြို့နယ်မှာ မူးယစ်ဆေးဝါး လျော့ချဖို့က အဓိကနယ်မြေ အေးချမ်း ဖို့လိုတယ်။ တရားဥပဒေ စိုးမိုးဖို့လိုတယ်။ အဲဒါဆိုလျော့ကျသွားမယ်။ တချို့ နယ်မြေတွေက ကျနော်တို့ ကန့်သတ် ချက်နဲ့လုပ်နေရတယ်၊ အဓိကခေါင်ထိဖမ်းလို့ ရအောင်လုပ်ဖို့လိုတယ်” လို့ ဘန်းယဉ်ရဲစခန်း ကျော်မြင့်ထွန်းက ပြောပါတယ်။
ပစ္စည်းနဲ့အတူ ဖမ်းဆီးရမိတဲ့ တရားခံဟာ တောင်ကြီး မြို့ နန်ဟောင်းမွေတော်အုပ်စု ဘန်ကွဲရွာနေ ကိုမောင်ထူးဖြစ်ကြောင်း၊ တရားခံကို မူးစိတ် ပ/၁၉/၂၀၁၇၊ ၁၅/၁၉ က နဲ့ ဘန်းယဉ် ရဲစခန်းမှာ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။
ဆီဆိုင်မြို့နယ် မှာ မူးယစ်ဆေးဝါး မကြာခဏ ဖမ်းဆီး ရမိနေပြီး အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ကာလတန်ဖိုးမှာ တပြား ၁၀၀၀ နှုန်းနဲ့ ၇ သိန်းကျော်ဖိုး ရှိကြောင်းသိရပါတယ်။
ခွန်ရာဇာ











