DVB Logo
Home
မြန်မာသတင်း
ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မီးလောင်မှုကြောင့် ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
DVB
·
October 19, 2017
ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မီးလောင်မှုကြောင့် ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
Donate to DVB

 

ရန်ကုန်မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးစောင်းရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မှာ ဒီကနေ့မနက်မီးလောင်မှုကြောင့် ၁ ဦးသေဆုံးက ၁ ဦးဒဏ်ရာရှိခဲ့ကြောင်း ဟိုတယ်တာဝန်ရှိ သူတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“ကျေန်ာတို့ နိုင်ငံခြားသားဧည့်သည်တွေကို ပြန်လည်စိစစ်နေပြီး ကျနော်တို့ စိတ်မကောင်း စွာနဲ့ dead body တခုလောက်လက်ခံလိုက်ရတဲ့ အနေအထားမျိုးရှိပါတယ်။ ဘယ်နိုင်ငံသားလဲ ဆိုတာ ကျနော်တို့ သေချာစိစစ်ပြီးတော့မှ သိပြီဆိုတာနဲ့ သံရုံးကနေ သက်ဆိုင်ရာကို အကြောင်းကြားသလို ကျနော်တို့ဆီက တာဝန်ရှိသူတွေကိုယ်တိုင် သူ့မိသားစုကို သွားတွေ့ပြီးတော့မှ သေချာလေး အဆင်ပြေပြေ စီစဉ်ပေးသွားဖို့ရှိပါတယ်။ ”

ဒီမီးလောင်မှုကြောင့် သေဆုံးသွားသူဟာ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ နေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် ဂျပန်လူမျိုးဖြစ်ပြီး စီးပွားရေးလုပ်ငန်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံကို လာရောက်လေ့လာသူနေသူဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ဖော်ပြောဆိုပြီး အသေးစိတ်စုံစမ်းနေဆဲကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် မီးလောင်မှုကြောင့် မကာအိုအမျိုးသမီး တယောက်ဒဏ်ရာရရှိခဲ့ပြီး တယောက် ပျောက်နေတယ်ဆိုတဲ့ ကိစ္စကိုလည်း စိစစ်နေဆဲပဲလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီမီးလောင်မှုကြောင့် ဟိုတယ်ရဲ့သမိုင်းဝင်အဆောက်အဦတလုံးနဲ့ ဂျပန်စားသောက်ဆိုင် ဖွင့်ထားတဲ့ အဆောက်အဦသာ ကျန်ခဲ့ပြီး ကျန်တာအားလုံး မီးလောင်သွားခဲ့ကြောင်း ဒီနေ့ခင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အပေါ်ဆုံး ၅ လွှာကနေ စတင်လောင်ကျွမ်းခဲ့ကြောင်း သိရှိရပြီး ပြန်လည်စိစစ်နေတယ်လို့လည်း ပြောပါတယ်။

မီးလောင်မှုမဖြစ်ပွားခင် ဟိုတည်ရဲ့အခန်း ၉၄ ခန်းမှာ ဧည့်သည် ၁၄၁ ဦးတည်းခို နေထိုင်ခဲ့ကြောင်းနဲ့ အများစုမှာ နိုင်ငံခြားသားဧည့်သည်တွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

သက်တမ်းရင့် ဟိုတယ်တွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ် ဟာ အခန်းပေါင်း ၁၈၅ ခန်းရှိပြီး မီးလောင်မှုကြောင့် လက်ရှိ အခန်း ၄၀ သာကျန်ရှိတယ်လို့လည်း ဆိုပါတယ်။

ကန်တော်ကြီးစောင်းရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ ဒီနေ့မနက် ၃ နာရီခွဲက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းချိန် ၃ နာရီ လောက်အကြာ မီးထိန်းနိုင်ခဲ့ပါတယ်။

ဟိုတည်မှာတည်းခိုနေထိုင်နေတဲ့ ဧည့်သည်တွေကို ချက်ထရီယမ်ဟိုတယ်နဲ့ ဂျက်စမင်ပဲလေ့စ် ဟိုတယ်တွေမှာ လတ်တလော ပြောင်းရွှေ့တည်းခိုနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

မီးလောင်မှုကို သွားရောက်မီးငြှိမ်းခဲ့တဲ့ ရွှေပြည်သာ မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီး ကျော်စွာလင်း ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြောဌာနမှာ ဆေးကုသမှု ခံယူနေရကြောင်းလည်း သိရပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013