
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ပုံပါ ၁ ဒေါ်လာတန် ဒင်္ဂါး ထုတ်လုပ်ပုံ အဆင့်ဆင့်ကို အမေရိကန် ဒင်္ဂါးစက်ရုံက ထုတ်ပြန်ခဲ့ပြီး အမေရိကန်နိုင်ငံတဝန်း ဝယ်ယူလို့ရပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ နှစ်ပေါင်း ၂၅၀ ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်လုပ်တဲ့ ၁ ဒေါ်လာတန် ရွှေရောင်ဒင်္ဂါးပေါ်မှာ ထရမ့်ပ်ပုံ ပါလာတာပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ စည်းမျဉ်းတွေအရ ကွယ်လွန်သူသမ္မတတွေရဲ့ ရုပ်ပုံတွေကိုသာ ငွေကြေးပေါ်မှာ ရိုက်နှိပ်လေ့ရှိပေမဲ့ ထရမ့်ပ်ကတော့ ငွေကြေးပေါ်မှာ ပုံတူရိုက်နှိပ်ခံရတဲ့ သက်ရှိသမ္မတ ဖြစ်လာ ပါတယ်။
ဒါဟာ ၂၀၂၀ စည်းမျဉ်းသစ်အရ လွတ်လပ်ရေးအထိမ်းအမှတ် ထုတ်လုပ်တဲ့ ငွေကြေးပေါ်မှာ လက်ရှိ သမ္မတရဲ့ပုံကို အသုံးပြုတာဖြစ်တယ်လို့ အိမ်ဖြူတော်က ကြေညာထားပါတယ်။
ရွှေရောင် ၁ ဒေါ်လာတန် ဒင်္ဂါးတွေကို စက်တင်ဘာ ၂ ရက်မှာ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဒင်္ဂါးပေါ်မှာ ထရမ့်ပ်ရဲ့ပုံပါပြီး LIBERTY ဆိုတဲ့ စာလုံးတွေကို မြင်တွေ့ရကာ ၁၇၇၆-၂၀၂၆ ဆိုတာနဲ့ IN GOD WE TRUST ဆိုတဲ့ စာတန်းတွေလည်း ပါဝင်ပါတယ်။
တခြားတဖက်မှာတော့ သမ္မတတံဆိပ်တုံး ပါဝင်ပြီး UNITED STATES OF AMERICA စာတန်းနဲ့ ONE DOLLAR ဆိုတဲ့ စာတန်းတို့ ပါဝင်ပါတယ်။
၁ ဒေါ်လာတန် ဒင်္ဂါးပြားတွေကို အွန်လိုင်းကနေ မှာယူနိုင်ပြီး အရေအတွက်အလိုက် ဈေးနှုန်း အမျိုးမျိုး ရှိတယ်လို့လည်း ဆိုပါတယ်။
၂၅ စေ့ပါတဲ့ ဒင်္ဂါးတွေကို ၆၁ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး ဒင်္ဂါး ၁၀၀ ပါအိတ်ကို ၁၅၄ ဒေါ်လာ ကျသင့်မှာ ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
Source:Reuters











