DVB Logo
Home
မြန်မာသတင်း
အုတ်ပုံ စစ်ဆေးရေးဂိတ်တွင် တရားမဝင် ဘင်္ဂါလီ ၇ ဦး တွေ့ရှိ
DVB
·
October 19, 2017
အုတ်ပုံ စစ်ဆေးရေးဂိတ်တွင် တရားမဝင် ဘင်္ဂါလီ ၇ ဦး တွေ့ရှိ
Donate to DVB

ကြံခင်းမြို့၊ အုတ်ပုံ စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၁၈ ရက် ညပိုင်းက ကားတစီးပေါ်မှာ တရားမဝင် တင်ဆောင်လာတဲ့ ဘင်္ဂါလီ ၇ ဦးကို စစ်ဆေး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မင်းပြားကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ ယာဉ်မောင်း ဦးလှမြင့်နဲ့ စပယ်ယာ ကိုရန်မောင်ထွန်းတို့ လိုက်ပါလာတဲ့ ၆ ဘီးယာဉ်ကို ပုသိမ်-မုံရွာ လမ်းမကြီး၊ ဧရာဝတီတိုင်း ကြံခင်းမြို့ ဘက်ရဲနယ်မြေ ရဲစခန်းအပိုင် ဇီးပင်ကွင်းအုပ်စု၊ အုတ်ပုံ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာ ကားပေါ်မှာ စပါးအိတ် ၂၆၀ နဲ့ မိုးကာစနဲ့ ဖုံးကွယ်ထားတဲ့အောက်မှာ တရားမဝင် တင်ဆောင်လာတဲ့ ဘင်္ဂါလီ ၇ ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂါလီ ၇ ဦးကို တရားမဝင်တင်ဆောင်လာသူ ယာဉ်မောင်း ဦးလှမြင့်နဲ့ စပယ်ယာ ရန်မောင်ထွန်းတို့ကို ဥပဒေနဲ့အညီ အရေးယူထားပြီး အခု ဖမ်းဆီးမှုဟာ ပထမဆုံးဖမ်းမိတာ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့မှူး ဦးအောင်ကိုက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီ ၇ ဦးကတော့ မာမွတ်လီမာ၊ နူရူရာမိန်၊ အဒူရာဟာမော်၊ ဆစ်ဒူလာမိန်၊ နူရာမိန်၊ အီမန်ဟူဆော်နဲ့ နိုဘော်ချောရ်တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013