DVB Logo
Home
မြန်မာသတင်း
တရားမ၀င် လိုင်စင်မဲ့လက်နက်ခဲယမ်းများ ပြန်အပ်ရန် ပြည်ထဲရေး ထုတ်ပြန်
DVB
·
October 19, 2017
တရားမ၀င် လိုင်စင်မဲ့လက်နက်ခဲယမ်းများ ပြန်အပ်ရန် ပြည်ထဲရေး ထုတ်ပြန်
Donate to DVB

 

တရားမဝင် လိုင်စင်မဲ့လက်နက် ခဲယမ်းတွေ၊ ဆက်သွယ်ရေးစက်တွေနဲ့ မော်တော်ယာဉ် တွေကို လက်ဝယ်မထားဘဲ သက်ဆိုင်ရာသို့ အပ်နှံကြဖို့နဲ့ တွေ့ရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ လက်နက်ကိုင်ဆောင်ရေးမူအရ လေသေနတ်၊ လုပ်သေနတ်အပါအဝင် လက်နက်အားလုံးကို လိုင်စင်နဲ့သာ ကိုင်ဆောင်ခွင့်ပြုတဲ့အတွက် လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ရရှိဖို့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြည်ထဲရေးဝန်ကြီးဌာန လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်/ပါမစ်စိစစ်ရေးအဖွဲ့ကို တင်ပြတဲ့အပေါ် စိစစ်ခွင့်ပြုချက်ရမှသာ ကိုင်ဆောင်ခွင့်ရှိပြီး အလားတူ ဆက်သွယ်ရေးစက်တွေကိုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သို့ ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားပြီး လိုင်စင်ရရှိမှသာ ကိုင်ဆောင်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

တရားမဝင်လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်တာနဲ့ ပတ်သက်ပြီး ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ထက်မနည်း ၇ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး အလားတူ ၁၉၅၁ ခုနှစ် လက်နက်များ (ယာယီ) ပြင်ဆင်ချက်အက်ဥပဒေ ပုဒ်မ ၁၉-က အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ်ထက်မနည်း (၇)နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။

၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အရ ဆက်သွယ်ရေးစက်တွေကို လိုင်စင်မရှိဘဲ တရားမဝင်ကိုင်ဆောင် လက်ဝယ်ထားရှိ(သို့မဟုတ်) အသုံးပြုပါက ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ မော်တော်ယာဉ်တွေကို လိုင်စင်မရှိဘဲ တရားမဝင်လက်ဝယ် ထားရှိ (သို့မဟုတ်) အသုံးပြုပါက (၃)နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။

တရားမဝင် လက်ဝယ်ထားရှိတဲ့ လက်နက်/ခဲယမ်းတွေ၊ ဆက်သွယ်ရေးစက်တွေ၊ လိုင်စင်မဲ့ယာဉ်တွေကို နီးစပ်ရာ တပ်၊ ရဲစခန်းတွေနဲ့ ရဲတပ်ဖွဲ့မှူး ရုံးတွေသို့ အမြန်ဆုံးလာရောက်အပ်နှံကြပါဖို့နဲ့ လာရောက်မအပ်နှံပါက တရားဥပဒေအရ အရေးယူ သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013