DVB Logo
Home
မြန်မာသတင်း
သမီးအရင်းအား အဓမ္မပြုကျင့်ပြီး ထွက်​​ပြေးတိမ်း​​ရှောင်သူကို ဖမ်းမိ
DVB
·
October 19, 2017
သမီးအရင်းအား အဓမ္မပြုကျင့်ပြီး ထွက်​​ပြေးတိမ်း​​ရှောင်သူကို ဖမ်းမိ
Donate to DVB

ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု နားဆိုင်းရပ်ကွက်က ဖခင်ဖြစ်သူက သမီးအရင်းကို အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်ရသမီးနဲ့အတူ ဆီဆိုင်မြို့ကို ထွက်ပြေးတိမ်းရှောင်ရာ အောက်တိုဘာ ၁၈ ရက် ညနေပိုင်းမှာ ဖမ်းဆီးရမိပါတယ်။

သမီးဖြစ်သူမှာ ဖခင်ကိုယ်ဝန်လွယ်ထားတာ ၇ လလောက်ရှိ ပြီဖြစ်ပြီး ဆွေမျိုးတွေက ဝိုင်းဝန်းဖမ်းဆီးတဲ့အတွက် ထွက်ပြေးတိမ်းရှောင် သွားကြောင်း သိရပါတယ်။

“နောင်မွန်ရွာ နားဆိုင်းရပ်ကွက်နေတဲ့ ဒေါ်နန်းလွန်ရဲ့သမီး အသက် ၁၇ နှစ်ပေါ့၊ သူက ခန္ဓာကိုယ်ဝဖြိုးလာတယ်။ ကိုယ်ဝန်လွယ်ထားတဲ့ အနေအထားဖြစ်နေတာ မသင်္ကာလို့ အမေဖြစ်သူက သူ့သမီးကိုခေါ်မေးတော့၊ လွန်ခဲ့တဲ့ ၈ လက အိမ်မှာ ဘယ်သူမှ မရှိတဲ့အချိန်မှာ ဖခင်ဖြစ်သူ မူဆာက သမီးကိုအဓမ္မ ပြုကျင့်တယ်။ ကောင်မလေးကို ခြိမ်းခြောက်ထားတော့ ဘယ်သူ့ကိုမှမပြောရဲဘူး။ သူ့အမေမေးမှပဲ ပြောတာ”လို့ ဘန်းယဉ်ရဲစခန်း စခန်းမှူးကျော်မြင့်ထွန်းက ပြောပါတယ်။

ဖခင်ဖြစ်သူမူဆာကို နောင်မွန်ကျေးရွာရှိ ပြည်သူနဲ့ဆွေမျိုးတွေကဝိုင်း ဝန်းဖမ်းဆီးရာ သမီးကိုခေါ်ပြီး ဆီဆိုင်မြို့ကို ထွက်ပြေးတိမ်းရှောင်ကာ ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက ဖမ်းဆီးပေးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးပေးသူ ဆီဆိုင်မြို့နယ် အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်က “အဲဒီအပြစ်ကျူးလွန်တဲ့ အမျိုးသားက လွန်ခဲ့တဲ့ ၁၀ ရက်ကတည်းက နောင်မွန်က သူ့အမျိုးတွေ ဝိုင်းဖမ်းတာ ဆီဆိုင်ကို ထွက်ပြေးလာတယ်။ ကျနော့်ရပ်ကွက်မှာ ပုန်းအောင်းတယ်လို့ ပြောသံကြားတော့ ရဲစခန်းကိုအကြောင်းကြားတယ်။ ပြီးတော့ ရာအိမ်မှူးနဲ့သူ့ကိုဖမ်းပြီး ရဲကို အပ်လိုက်တယ်။ နောင်မွန်ကျေးရွာက ဘန်းယဉ်ရဲစခန်း အပိုင်ဆိုတော့ ဘန်းယဉ်ရဲစခန်းကို လွဲအပ်ပေးလိုက်တယ်” လို့ ပြောပါတယ်။

ကိုးတန်းကျောင်းသူမှာ ကိုယ်ဝန်ရှိလာတဲ့အတွက် ကျောင်းမှထုတ်ပယ်ခြင်းလည်း ခံရကြောင်း သိရပါတယ်။

ဖမ်းဆီးရမိတဲ့ မူဆာကို မိန်းမဖြစ်သူက တရားလိုလုပ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ ဘန်းယဉ်ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013