DVB Logo
Home
မြန်မာသတင်း
ပျောက်ဆုံး G-4 ဂျက်လေယာဉ်အား ပြန်လည်တွေ့ရှိ
DVB
·
October 19, 2017
ပျောက်ဆုံး G-4 ဂျက်လေယာဉ်အား ပြန်လည်တွေ့ရှိ
Donate to DVB

 

တလကျော်ကြာပျောက်ဆုံးခဲ့တဲ့ လေ့ကျင့်ရေး G-4 ဂျက်လေယာဉ်ကို ရခိုင်ပြည်နယ် ဂွမြို့နဲ့ ၁၂ မိုင်အကွာ တောင် ၂ လုံးကြားမှာ မနေ့ညနေပိုင်းက ပြန်လည်တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

တပ်မတော် (လေ) မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်တစီးဟာ စက်တင်ဘာ ၅ ရက် မနက်ပိုင်းက ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ် လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းစဉ် မနက် ၉ နာရီ ၁၈ မိနစ်မှာ ပုသိမ်မြို့ရဲ့ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ ၃၆ မိုင်လောက်အကွာ ပုသိမ်လေဆိပ်နဲ့ နောက်ဆုံးအဆက်အသွယ်ရရှိပြီး ပျောက်ဆုံးသွားခဲ့တာပါ။

အဲဒီဂျက်လေယာဉ်ကို အဆက်အသွယ် ပြတ်တောက်ခဲ့တဲ့နေ့ကစပြီး လေယာဉ်ပျံသန်းရာ လမ်းကြောင်းတလျှောက် မြေပြင်နဲ့ လေတပ်မှ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ရှာဖွေခဲ့ရာ မနေ့ညနေပိုင်းမှာ G-4 ဂျက်လေယာဉ် အစိတ်အပိုင်းတွေကို ဂွမြို့ရဲ့တောက်ဘက် ၁၂ မိုင်ခန့််အကွာ၊ လေယာဉ်ဆက်သွယ်မှု ပြတ်တောက်ခဲ့တဲ့ နေရာရဲ့ မြောက်ဘက် ၅ မိုင်လောက် အကွာမှာ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဂျက်လေယာဉ်ကို မောင်းနှင်ခဲ့တဲ့ လေယာဉ်မှူး ဗိုလ်မှူးကောင်းထိုက်၊ တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီးသော်ဇင်စိုးနဲ့ ကျန်ရှိလေယာဉ်အစိတ်အပိုင်းတွေကိုလည်း ဆက်လက်ရှာဖွေနေပြီး ပျက်ကျသွားတဲ့ အကြောင်းအရင်း ဖော်ထုတ်သိရှိနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013