DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်တွင် နေအိမ်ခြံဝင်းထဲ သိုလှောင်ထားသည့် သစ်ခွဲသား ၁၁ တန်ကျော် ဖမ်းမိ
DVB
·
October 18, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကျွဲသောင်းကျေးရွာအုပ်စု ဇီးဖြူကုန်းကျေးရွာ နေအိမ်ခြံဝင်းတခုအတွင်း တရားမဝင် သိုလှောင်ထားတဲ့ သစ်ခွဲပိုင်းသားမျိုးစုံကို အောက်တိုဘာ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ဇီးဖြူကုန်းကျေးရွာရှိ ဦးစိုးလေ နေအိမ်ခြံဝင်းတွင်းမှာ တရားမဝင် သိုလှောင်ထားတဲ့ သစ်ခွဲပိုင်းသားမျိုးစုံ ၁၁ ဒသမ ၁၀၄ တန်ကို ဟသာင်္တ သစ်တောဦးစီးဌာနနဲ့ အင်္ဂပူမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်း ဖမ်းဆီးခဲ့ကြတာပါ။

အင်္ဂပူမြို့နယ် သစ်တောဦးစီးဌာန ကွင်းကောက်ဘိနယ်တာဝန်ခံ တောအုပ် ဦးတင်အောင်ဆွေက "ဟုတ်ပါတယ်၊ ကျနော်တို့ကို သတင်းပေးလို့ ဟသာင်္တမြို့နယ် သစ်တောဦးစီးဌာနနဲ့ ကျနော်တို့ အင်္ဂပူမြို့နယ် သစ်တောဦးစီးဌာနတို့ ပူပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေး ဖမ်းဆီးတာပါ။ အခြားသားမျိုးစုံပါ။ ကျနော်တို့ အင်္ဂပူဘက်ခြမ်းဖြစ်တော့ ဒီသစ်တွေကို ကွင်းကောက်သစ်တောဘိနယ်ရုံး သယ်ထားမယ်။ ပြီးတော့ နေအိမ်ပိုင်ရှင်ကို သစ်တောဥပဒေပုဒ်မ ၄၁(က) သစ်တောထွက်ပစ္စည်းများ တရားမဝင် ရွှေ့ပြောင်းခြင်းနဲ့ တရားမဝင် သိုလှောင်သိမ်းဆည်းခြင်းဆိုင်ရာ ဥပဒေနဲ့ အင်္ဂပူတရားရုံးကို ဦးတိုက်လျှောက်မယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

နှစ်စဉ်နှစ်တိုင်း သစ်တောဦးစီးဌာနက ဖမ်းဆီးရမိတဲ့ သစ်တွေကို သတ်မှတ်ရက်တွေမှာ ခရိုင်အဆင့်က လေလံပစ်ပါတယ်။

ဒီနှစ်တော့ တိုင်းဒေသကြီးအစိုးရက တိုင်းအဆင့် ရန်ပုံငွေအတွက် ဖမ်းဆီးရမိတဲ့ သစ်အမျိုးအစားအလိုက် ကြမ်းခင်းဈေးနဲ့ သစ်တောဦးစီးဌာနကို ရန်ပုံငွေသွင်းပြီး တိုင်းအဆင့်မှာပဲ လေလံပစ်နေတာပါ။

ဟသာင်္တခရိုင်တခုလုံးမှာ အင်္ဂပူမြို့နယ်ဟာ အခုနှစ် သစ်အများဆုံး ဖမ်းဆီးရမိတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013