တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် နုတ်ထွက်ပေးရေးအတွက် ထားဝယ်မြို့နယ်မှာ ဒီနေ့မနက်က လယ်သမားတွေ ဆန္ဒပြခဲ့ကြပြီး တိုင်းရဲတပ်ဖွဲ့က လာရောက်ပိတ်ဆို့ခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြပွဲကို ထားဝယ်မြို့နယ် ဝဲကျွန်းမြို့သစ် ကမြောကင်းလမ်းဆုံမှာ ဒီနေ့ မနက်ပိုင်းက စတင်ဆန္ဒပြချီတက်စဉ် တိုင်းရဲမှူးရုံးမှ ရဲအင်အား အလုံးအရင်း၊ သံစူးကြိုးတွေနဲ့ လာရောက်ပိတ်ဆို့ခံခဲ့ရတယ်လို့ ထားဝယ်တောင်သူ လယ်သမားသမဂ္ဂမှ ဦးဆောင်သူ ဒေါ်ရီရီထွေးက ပြောဆိုပါတယ်။
တောင်သူလယ်သမားတွေအပေါ် ဥပဒေမဲ့ ဖိနှိပ်မှု ရပ်ဆိုင်းရေး၊ တရားဥပဒေစိုးမိုးရေ၊ တာဝတ်ယူမှု၊ တာဝန်ခံမှုမရှိသော အစိုးရတရပ်ဖြစ်လာစေဖို့ ခရိုနီအားပေး ဝန်ကြီးချုပ်အား အလိုမရှိ၊ မြေယာပြဿနာတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းပေးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
သတင်း - ဇော်ဇော်(မြိတ်)











