DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း ၁၆၀ တန်ဖိုးရှိ ရတနာများ ခိုးယူသူကို ဖမ်းမိ
DVB
·
October 18, 2017
ကျပ်သိန်း ၁၆၀ တန်ဖိုးရှိ ရတနာများ ခိုးယူသူကို ဖမ်းမိ
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်မှာ ကျပ်သိန်း ၁၆၀ တန်ဖိုးရှိ လက်ဝတ်ရတနာတွေ ခိုးယူခံခဲ့သူကို ပစ္စည်းတွေနဲ့အတူ ဖမ်းမိတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက် နေ့လယ် ၁ နာရီက မေလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ကိုဇော်ဝင်းထွန်းနေအိမ်မှ ကျပ်သိန်း ၁၆၀ တန်ဖိုးရှိ လက်ဝတ်ရတနာတွေ အခိုးခံခဲ့ရတာဖြစ်ပြီး မြစ်သားမြို့နယ် နွားကူးရွာမှ ဝမ်းတွင်းမြို့မှာ ယက္ကန်းအလုပ်လာလုပ်တဲ့ ဇော်ချမ်းအား ခိုးရာပါပစ္စည်းတွေနဲ့အတူ နွားကူးရွာမှာ ဒီနေ့ဖမ်းမိတာလို့ မြို့မရဲစခန်း ဒုရဲအုပ် အောင်ကိုကိုက ပြောပါတယ်။

"အိမ်နဲ့ဈေးဆိုင်က တနေရာစီဆိုတော့ ထမင်းစားဖို့ လူချင်းချိန်းတဲ့ နာရီဝက်လောက် လူပြတ်သွားတုန်း ဝင်ခိုးတာ၊ ခိုးပြီး သူ့ဇာတိပြန်သွားတယ်။ လိုက်ဖမ်းရတာ၊ ခိုးသွားတဲ့ ပစ္စည်းတွေ အတော်များများ ပြန်ရတယ်၊ တခုနှစ်ခုလောက်တော့ ရောင်းထားတယ်၊ ဒီနေ့ပဲ လိုက်သိမ်းနေတယ်။"

ဒေသခံ ကိုဘောကြီးက "ရပ်ကွက်ကို အကူအညီတောင်းလို့ ကျနော်တို့တတွေ ရဲနဲ့အတူ ကူညီလုပ်ပေးရတယ်။ ပစ္စည်းခိုးပြီး ရွာပြန်ဖို့စရိတ်မရှိတော့ ပိုက်ဆံ ၄၀၀၀ သွားချေးတယ်၊ လူကိုမယုံရင် ဒါယူထားလိုက်ဆိုပြီး ခိုးလာတဲ့ လက်စွပ်တကွင်းပေးခဲ့တယ်။ အဲလက်စွပ်ကစပြီး ခိုးမှုပေါ်တယ်" လို့ ပြောပါတယ်။

ခိုးမှုကျူးလွန်ခဲ့တဲ့ ဇော်ချမ်းကို ဝမ်းတွင်းမြို့မရဲစခန်းမှာ ခိုးမှုရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ ဖမ်းဆီး အမှုဖွင့်ထားပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013