DVB Logo
Home
မြန်မာသတင်း
မြို့တောင်ချောင်းတွင်း  ရေဆင်းချိုးသည့် အဝေးသင်ကျောင်းသားနှစ်ဦး ရေနစ်သေဆုံး
DVB
·
October 18, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကျွဲဆင်းကျေးရွာအုပ်စုရှိ မြို့တောင်ချောင်းထဲကို ရေဆင်းချိုးတဲ့ ဟသာင်္တတက္ကသိုလ် အဝေးသင်ကျောင်းသားနှစ်ဦး အောက်တိုဘာ ၁၇ ရက် နေ့လယ် ၂ နာရီလောက်က ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကျမတို့က ဟင်္သာတတက္ကသိုလ်ကို အဝေးသင်ကျောင်း လာတက်တာပါ။ ဒီနေ့ ဟင်္သာတမှာရှိတဲ့ ဘိုးဘွားရိပ်သာကို စုပေါင်းပြီး အလှူလေးတခု လုပ်ကြတယ်။ အလှူပြီးတော့ အင်္ဂပူမြို့နယ်ထဲက ကညင်ဆည်ကို မရောက်ဖူးကြလို့ ကားငှားပြီး အလည်လာကြတာပါ။ ကညင်ဆည်ကို လျှောက်လည်ပြီးတော့ အုပ်စုလိုက် ရေဆင်းကစားကြတာပါ။ အားလုံးပေါင်း ကျောင်းသား ကျောင်းသူ ၁၈ ဦး၊ ယောကျာ်းလေး ၆ ဦးနဲ့ မိန်းကလေး ၁၂ ဦးပါ။ အားလုံး မေဂျာအစုံကပါ။ အဲလို ရေဆင်းချိုးကြရင်းနဲ့ ခု သေတဲ့ ထိုက်စိုးဝေနဲ့ ဇော်မျိုးထက်တို့ ချောင်းထဲက ချောက်ထဲကျပြီး သေဆုံးသွားရတာပါ” လို့ သေဆုံးသွားသူနှစ်ဦးနဲ့ တကားတည်း လိုက်ပါလာတဲ့ ဟင်္သာတတက္ကသိုလ် ကျောင်းသူ မိုးသီတာက ဒီဗွီဘီကို ပြောပါတယ်။

မဲဇလီကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းက ခေတ္တစခန်းမှူး ဒုရဲအုပ်မျိုးမြင့်အောင်က “ဒီမြို့တောင်ချောင်းက ခု သေဆုံးသူတွေ ရေဆင်းကူးတဲ့ နေရာက အနည်းဆုံး ပေ ၂၀ လောက် နက်တယ်ဗျ။ ခုဖြစ်စဉ်ကိုတော့ မဲဇလီကုန်းရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၂၀၁၇/၄ နဲ့ သေမှုသေခင်း အမှုဖွင့်ပြီး ရဲလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ အသေးစိတ် အချက်အလက်တွေကတော့ ကျောင်းသား ကျောင်းသူတွေကို စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။

ခုလို ကညင်ဆည်ကို အလည်လာရင်း ရေဆင်းချိုးကြရာက ပြီးခဲ့တဲ့ သင်္ကြန်ရက်မှာလည်း ယောက်ျားလေးတဦး ရေနစ် သေဆုံးခဲ့ဖူးပါတယ်။

ကညင်ဆည်ကို အများဆုံး ဟင်္သာတက တက္ကသိုလ်တွေတက်နေတဲ့ နေ့ကျောင်းသား ကျောင်းသူတွေနဲ့ အဝေးသင်က ကျောင်းသား ကျောင်းသူတွေ အများဆုံး လာရောက်လည်ပတ်နေကြတာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013